
0
1316




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

သမ္မတ ဒေါ်နယ် ထရမ့် မိသားစု အခွန်တိမ်းရှောင်ခဲ့တယ်လို့ သံသယရှိ

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ မိသားစု စီးပွားရေးလုပ်ငန်းဟာ ၁၉၉၀ ခုနှစ်တွေက အခွန်လိမ်ညာမှုတွေ ရှိခဲ့တယ်လို့ သံသယဖြစ်ခြင်း ခံနေရပါတယ်။

သမ္မတ ထရမ့်ဟာ တရားမဝင် အခွန်ဆိုင်ရာ လုပ်ဆောင်မှုတွေ ကတဆင့် အမေရိကန် ဒေါ်လာ သန်း ၄၀ဝ ကျော်နဲ့ ညီမျှတဲ့ အကျိုးအမြတ်တွေ ရခဲ့နိုင်တယ်လို့ နယူးယောက်တိုင်းမ် သတင်းစာက ဖော်ပြပါတယ်။ အခု သံသယဖြစ်မှုတွေဟာ မစ္စတာ ထရမ့်ရဲ့ ဖခင်ပိုင် အိမ်ခြံမြေလုပ်ငန်းကြီးနဲ့ ပတ်သက်နေပါတယ်။

စာရွက်စာတမ်းနဲ့ မှတ်တမ်းတစ်သိန်းကျော်ကို လေ့လာသုံးသပ်ပြီးနောက် သတင်းစာက မစ္စတာ ထရမ့်ဟာ သူ့မိဘတွေကို အခွန်ရှောင်ဖို့ ကူညီခဲ့တယ်လို့ ရေးသားထားပါတယ်။ အဲဒီ လုပ်ဆောင်မှုတွေထဲမှာ လက်ဆောင်ပစ္စည်းလို့ လိမ်ညာတာ ပိုင်ဆိုင်တဲ့ ပစ္စည်းတွေကို တန်ဖိုးလျှော့ချ သတ်မှတ်တာတွေလည်း ပါဝင်တယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)