
0
292




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အမေရိကန်မှာ ကျောင်းဆရာ ရှားပါးမှု ကြုံနေ

အမေရိကန်မှာ ကျောင်းဆရာ၊ ဆရာမ ရှားပါးမှု ကြုံနေရပြီး ပြည်နယ်တိုင်းက ကျောင်းတွေရှိ စာသင်ခန်းတွေမှာ သင်ကြားမယ့် ဆရာမရှိတာ၊ ဘာသာရပ်ဆရာ မပြည့်စုံလို့ ရွေးစရာ ဘာသာရပ် နည်းနေတာ၊ အတန်းအရွယ်အစားနဲ့ ဆရာ မမျှတာတွေ ကြုံနေရပါတယ်။

အရေးအကြီးဆုံးက အတန်းအရွယ်အစားဖြစ်ပြီး ဆရာတစ်ယောက်က ကျောင်းသားအများကြီးကို သင်ရတာကြောင့် ကျောင်းသားကျောင်းသူတွေ တတ်မြောက်မှုမှာလည်း ပြဿနာတွေ ရှိနေပါတယ်။

အမေရိကန်မှာ တစ်နှစ်ကို ကျောင်း ဆရာ၊ ဆရာမ ၈ ရာခိုင်နှုန်းဟာ သင်ကြားရေးအလုပ်ကို စွန့်ခွာနေကြပါတယ်။ ၂၀ဝ၉ နဲ့ ၂၀၁၄ ခုနှစ်ကြားမှာ ဆရာအတတ်သင် ကောလိပ်ကနေ ကျောင်းမပြီးဘဲ ထွက်သွားတဲ့ကျောင်းသား ကျောင်းသူကလည်း ၃၅ ရာခိုင်နှုန်း ရှိနေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)