
0
270




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အရှည် ၂၃ ပေရှိတဲ့ စပါးကြီးမြွေကို အင်ဒိုအမျိုးသား ခုခံတိုက်ခိုက်

အင်ဒိုနီးရှား အမျိုးသားတစ်ဦးဟာ အရှည် ၂၃ ပေရှိတဲ့ စပါးကြီးမြွေကို ခုခံတိုက်ခိုက်ပြီး လက်မောင်းမှာ ဒဏ်ရာ ရခဲ့ပေမယ့် မြွေကြီးကို သတ်နိုင်ခဲ့ပါတယ်။

အင်ဒိုနီးရှားနိုင်ငံ၊ ရီအူပြည်နယ်က အသက် ၃၇ နှစ်အရွယ် ဘရာဗီ ရောဘတ် နာဘာဘန်ဟာ အလုပ်ကနေ အိမ်ကို အပြန်လမ်းမှာ လမ်းကို ပိတ်ဆို့နေတဲ့ မြွေကြီးကို တွေ့ရှိခဲ့တာပါ။ မြွေနဲ့ တိုက်ခိုက်ရင်း လက်မောင်းမှာ အကိုက်ခံရတဲ့ ဒဏ်ရာ ရရှိခဲ့ပါတယ်။

သူဟာ ဆီအုန်းစိုက်ခင်းတစ်ခုက လုံခြုံရေးသမားဖြစ်ပြီး မြွေကြီးကို သတ်နိုင်ခဲ့ပေမယ့် လက်ရှိမှာတော့ ဆေးရုံတက်နေရပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)