ေသနတ္ အမ်ားႀကီးကို ဟိုတယ္ခန္းထဲ ဘယ္လို သယ္ခဲ့သလဲ

0
268

အေမရိကန္၊ လပ္စ္ ေဗးဂတ္စ္မွာ ေအာက္တိုဘာ ၁ ရက္ေန႔ညက ၅၉ ဦး ေသၿပီး ၅၀၀ ေက်ာ္ ဒဏ္ရာရတဲ့ ပစ္ခတ္မႈ ျဖစ္ၿပီးေနာက္ ဒီေလာက္ မ်ားျပားတဲ့ ေသနတ္ေတြကို လူသတ္သမား စတီဖင္ ပက္ဒ္ေဒါက္ခ္က မန္ဒါေလ ေဘး ဟိုတယ္ ၃၂ ထပ္က အခန္းထဲေရာက္ေအာင္ ဘယ္လို သယ္ခဲ့သလဲ ဆိုတာ ျဖစ္ပါတယ္။

၃၂ ထပ္မွာ ရွိတဲ့ ဇိမ္ခံဟိုတယ္ခန္းထဲမွာ ေသနတ္ ၂၃ လက္ ေတြ႔ရၿပီး တခ်ိဳ႕ ေသနတ္ေတြဟာ အဆင့္ျမင့္ပါဝါရွိတဲ့ ေသနတ္ေတြ ျဖစ္ကာ ရဲေတြရဲ႕ က်ည္ကာဝတ္စံုကိုေတာင္ ထိုးေဖာက္ႏိုင္စြမ္း ရွိပါတယ္။ ပစ္ခတ္မႈျဖစ္တဲ့ နီဗာဒါျပည္နယ္ဟာ အေမရိကန္မွာ ေသနတ္လိုင္စင္နဲ႔ ပတ္သက္လို႔ အေလ်ာ့လ်ဲဆံုးျပည္နယ္ျဖစ္ၿပီး လူတစ္ေယာက္ဟာ ေသနတ္အမ်ားအျပား ပိုင္ဆိုင္ခြင့္ ရွိပါတယ္။

ပက္ဒ္ေဒါက္ခ္ဟာ ပစ္ခတ္မႈ မလုပ္ခင္ ၃ ရက္အလိုက ဟိုတယ္ခန္းကို ငွားခဲ့တာ ျဖစ္ပါတယ္။ သူဟာ ေသနတ္ေတြကို နည္းနည္းခ်င္းစီ သယ္ယူကာ ဖြက္ခဲ့တာ ျဖစ္ႏိုင္တယ္၊ သံုးရက္တာ အတြင္းမွာ ခရီးေဆာင္အိတ္၊ ေဂါက္အိတ္ေတြလိုမ်ိဳးမွာ ထည့္ၿပီး သယ္ယူလို႔ ရႏိုင္တယ္လို႔ လုပ္သက္ ၂၄ ႏွစ္ရွိတဲ့ ရဲအရာရွိ ရန္ဒီ ဆတ္တန္က ေျပာပါတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ ေနာက္ဆံုးအေခါက္ လာခ်ိန္မွာ သူဟာ ဧည့္ႀကိဳမေခၚဘဲ သူတစ္ေယာက္တည္း အခန္းေပၚ တက္လာလို႔ ျဖစ္ပါတယ္။

အခန္းကို ပံုမွန္ဝင္ရွင္းေပးတဲ့ အမ်ိဳးသမီးေတြ ဒီေသနတ္ေတြကို သတိမထားမိၾကတာ အံ့ၾသစရာပဲလို႔လည္း သူက ေျပာပါတယ္။

ေသနတ္ေတြကို အလြယ္တကူ ဟိုတယ္ထဲ သြင္းႏိုင္တာကလည္း ဟိုတယ္ရဲ႕ လံုၿခံဳေရးယူမႈကို ေမးခြန္းထုတ္စရာ ျဖစ္ပါတယ္။ ဥပေဒပါေမာကၡ အဒမ္ ဝင္ကလာ ကေတာ့ ေသနတ္ေတြ ဟိုတယ္ထဲ သြင္းဖို႔လြယ္ပါတယ္၊ အေမရိကန္မွာ ဟိုတယ္အမ်ားစုဟာ လံုၿခံဳေရးစစ္ေဆးရာမွာ သတၱဳရွာစက္ေတြ မသံုးလို႔ ျဖစ္တယ္လို႔ ေျပာပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

သေနတ် အများကြီးကို ဟိုတယ်ခန်းထဲ ဘယ်လို သယ်ခဲ့သလဲ

အမေရိကန်၊ လပ်စ် ဗေးဂတ်စ်မှာ အောက်တိုဘာ ၁ ရက်နေ့ညက ၅၉ ဦး သေပြီး ၅၀ဝ ကျော် ဒဏ်ရာရတဲ့ ပစ်ခတ်မှု ဖြစ်ပြီးနောက် ဒီလောက် များပြားတဲ့ သေနတ်တွေကို လူသတ်သမား စတီဖင် ပက်ဒ်ဒေါက်ခ်က မန်ဒါလေ ဘေး ဟိုတယ် ၃၂ ထပ်က အခန်းထဲရောက်အောင် ဘယ်လို သယ်ခဲ့သလဲ ဆိုတာ ဖြစ်ပါတယ်။

၃၂ ထပ်မှာ ရှိတဲ့ ဇိမ်ခံဟိုတယ်ခန်းထဲမှာ သေနတ် ၂၃ လက် တွေ့ရပြီး တချို့ သေနတ်တွေဟာ အဆင့်မြင့်ပါဝါရှိတဲ့ သေနတ်တွေ ဖြစ်ကာ ရဲတွေရဲ့ ကျည်ကာဝတ်စုံကိုတောင် ထိုးဖောက်နိုင်စွမ်း ရှိပါတယ်။ ပစ်ခတ်မှုဖြစ်တဲ့ နီဗာဒါပြည်နယ်ဟာ အမေရိကန်မှာ သေနတ်လိုင်စင်နဲ့ ပတ်သက်လို့ အလျော့လျဲဆုံးပြည်နယ်ဖြစ်ပြီး လူတစ်ယောက်ဟာ သေနတ်အများအပြား ပိုင်ဆိုင်ခွင့် ရှိပါတယ်။

ပက်ဒ်ဒေါက်ခ်ဟာ ပစ်ခတ်မှု မလုပ်ခင် ၃ ရက်အလိုက ဟိုတယ်ခန်းကို ငှားခဲ့တာ ဖြစ်ပါတယ်။ သူဟာ သေနတ်တွေကို နည်းနည်းချင်းစီ သယ်ယူကာ ဖွက်ခဲ့တာ ဖြစ်နိုင်တယ်၊ သုံးရက်တာ အတွင်းမှာ ခရီးဆောင်အိတ်၊ ဂေါက်အိတ်တွေလိုမျိုးမှာ ထည့်ပြီး သယ်ယူလို့ ရနိုင်တယ်လို့ လုပ်သက် ၂၄ နှစ်ရှိတဲ့ ရဲအရာရှိ ရန်ဒီ ဆတ်တန်က ပြောပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ နောက်ဆုံးအခေါက် လာချိန်မှာ သူဟာ ဧည့်ကြိုမခေါ်ဘဲ သူတစ်ယောက်တည်း အခန်းပေါ် တက်လာလို့ ဖြစ်ပါတယ်။

အခန်းကို ပုံမှန်ဝင်ရှင်းပေးတဲ့ အမျိုးသမီးတွေ ဒီသေနတ်တွေကို သတိမထားမိကြတာ အံ့သြစရာပဲလို့လည်း သူက ပြောပါတယ်။

သေနတ်တွေကို အလွယ်တကူ ဟိုတယ်ထဲ သွင်းနိုင်တာကလည်း ဟိုတယ်ရဲ့ လုံခြုံရေးယူမှုကို မေးခွန်းထုတ်စရာ ဖြစ်ပါတယ်။ ဥပဒေပါမောက္ခ အဒမ် ဝင်ကလာ ကတော့ သေနတ်တွေ ဟိုတယ်ထဲ သွင်းဖို့လွယ်ပါတယ်၊ အမေရိကန်မှာ ဟိုတယ်အများစုဟာ လုံခြုံရေးစစ်ဆေးရာမှာ သတ္တုရှာစက်တွေ မသုံးလို့ ဖြစ်တယ်လို့ ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)