
0
144




ထိုင်းကျောင်းသူတွေ တိုလွန်းတဲ့စကတ် ဝတ်ရင် ဥပဒေနဲ့ ငြိစွန်းမယ်

ဆွဲဆောင်မှုရှိတယ်လို့ ထင်ရှားတဲ့ ထိုင်းကျောင်းသူတွေရဲ့ ဝတ်စုံဟာ အခု ပြင်ဆင်မယ့် ဥပဒေသစ်အရ ဥပဒေနဲ့ ငြိစွန်းလာတော့မှာ ဖြစ်ပါတယ်။

လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုမှာ အဝတ်အစားအပေါ် ပြစ်တင်ဝေဖန်မှုတွေ ရှိတာကြောင့် ပညာရေး ဝန်ကြီးဌာနက ကလေးသူငယ် အကာအကွယ်ပေးရေး အက်ဥပဒေမှာ ပြင်ဆင်ချက် ထည့်သွင်းဖို့ ရှိနေပြီး “မသင့်လျော်အောင်” ဝတ်ဆင်ထားတဲ့ ကျောင်းသားကျောင်းသူတွေဟာ ဥပဒေနဲ့ ငြိစွန်းမှာ ဖြစ်ပါတယ်။

ဝတ်ဆင်သင့်မယ့် စကတ် အရှည်၊ တင်းကျပ်သင့်တဲ့ အင်္ကျီ အတိုင်းအတာတို့ကို ကျောင်းအာဏာပိုင်တွေက သတ်မှတ်ခွင့်ပေးဖို့ ဥပဒေမှာ ထည့်သွင်းမှာပါ။ ၂၀ဝ၅ ခုနှစ်မှာ ကျောင်းသူကျောင်းသားတွေ သင့်လျော်တဲ့ အပြုအမှုဖြစ်စေရေး ပြဌာန်းခဲ့တဲ့ ဥပဒေကို အခု ပထမဆုံး ပြင်ဆင်မှာ ဖြစ်ပါတယ်။ ပညာရေး ဝန်ကြီးသစ် နာတာပိုလ် တီဆူဝမ်က လက်မှတ်ရေးထိုးလိုက်တဲ့ အဲဒီ ဥပဒေ ပြင်ဆင်ချက်ဟာ ကျောင်းသူကျောင်းသားတွေရဲ့ လုံခြုံရေးနဲ့ အပြုအမှု ကောင်းမွန်စေဖို့ တွန်းအားပေးမယ်ဆိုတဲ့ ယဉ်ကျေးမှု အခြေခံတဲ့ ဝိဝါဒ ကွဲပြားမှုကို ဖြစ်စေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)