“ဟစ္တလာ” လို႔ အမည္ေပးတဲ့ စားေသာက္ဆိုင္ အီရတ္ အာဏာပိုင္ေတြ ပိတ္သိမ္း

0
94

အီရတ္ႏိုင္ငံ၊ ကာဒစၥတန္ ေဒသ၊ ဒူဟြတ္ျပည္နယ္မွာ “ဟစ္တလာ” လို႔ နာမည္ေပးထားတဲ့ စားေသာက္ဆိုင္ကို ကာဒစၥတန္ အာဏာပိုင္ေတြက ပိတ္သိမ္းလိုက္ပါတယ္။

စားေသာက္ဆိုင္ပိုင္ရွင္ ေရဘာ မိုဟာမက္ကေတာ့ ေဖာက္သည္ေတြကို ဆြဲေဆာင္ဖို႔ ဂ်ာမန္ အာဏာရွင္ရဲ႕ နာမည္ကို ေပးထားတာသာ ျဖစ္တယ္လို႔ ေဒသတြင္း မီဒီယာေတြကို ေျပာပါတယ္။ ဟစ္တလာဆိုတာ ဂ်ာမန္ အာဏာရွင္ရဲ႕ အမည္ဆိုတာ သိရွိေၾကာင္း၊ နာမည္ ဒီလို ေပးတဲ့အတြက္ သူ႔ကို သေဘာက်တယ္လို႔ မဆိုလိုေၾကာင္းနဲ႔ ေဖာက္သည္ေတြ အၾကား လူသိမ်ားဖို႔လုပ္တာသာ ျဖစ္ေၾကာင္း သူက ေျပာပါတယ္။

ေဒသအာဏာပိုင္ေတြက ပိတ္သိမ္းခိုင္းၿပီးေနာက္ စားေသာက္ဆိုင္ ပိုင္ရွင္က ဆိုင္းဘုတ္ကို ျဖဳတ္ခ်လိုက္ပါတယ္။ ဒီလအေစာပိုင္းမွာ ဟစ္တလာ စားေသာက္ဆိုင္ ဓာတ္ပံုဟာ လူမႈကြန္ရက္ အင္တာနက္ေပၚ ေရာက္ရွိသြားၿပီးေနာက္ ေဝဖန္မႈေတြ ျပင္းထန္ခဲ့ပါတယ္။ ခ်င္ခ်င္း တံု႔ျပန္မႈ မလုပ္တဲ့ ေဒသအာဏာပိုင္ေတြကိုလည္း ေဝဖန္ခဲ့ၾကပါတယ္။

“ဟစ်တလာ” လို့ အမည်ပေးတဲ့ စားသောက်ဆိုင် အီရတ် အာဏာပိုင်တွေ ပိတ်သိမ်း

အီရတ်နိုင်ငံ၊ ကာဒစ္စတန် ဒေသ၊ ဒူဟွတ်ပြည်နယ်မှာ “ဟစ်တလာ” လို့ နာမည်ပေးထားတဲ့ စားသောက်ဆိုင်ကို ကာဒစ္စတန် အာဏာပိုင်တွေက ပိတ်သိမ်းလိုက်ပါတယ်။

စားသောက်ဆိုင်ပိုင်ရှင် ရေဘာ မိုဟာမက်ကတော့ ဖောက်သည်တွေကို ဆွဲဆောင်ဖို့ ဂျာမန် အာဏာရှင်ရဲ့ နာမည်ကို ပေးထားတာသာ ဖြစ်တယ်လို့ ဒေသတွင်း မီဒီယာတွေကို ပြောပါတယ်။ ဟစ်တလာဆိုတာ ဂျာမန် အာဏာရှင်ရဲ့ အမည်ဆိုတာ သိရှိကြောင်း၊ နာမည် ဒီလို ပေးတဲ့အတွက် သူ့ကို သဘောကျတယ်လို့ မဆိုလိုကြောင်းနဲ့ ဖောက်သည်တွေ အကြား လူသိများဖို့လုပ်တာသာ ဖြစ်ကြောင်း သူက ပြောပါတယ်။

ဒေသအာဏာပိုင်တွေက ပိတ်သိမ်းခိုင်းပြီးနောက် စားသောက်ဆိုင် ပိုင်ရှင်က ဆိုင်းဘုတ်ကို ဖြုတ်ချလိုက်ပါတယ်။ ဒီလအစောပိုင်းမှာ ဟစ်တလာ စားသောက်ဆိုင် ဓာတ်ပုံဟာ လူမှုကွန်ရက် အင်တာနက်ပေါ် ရောက်ရှိသွားပြီးနောက် ဝေဖန်မှုတွေ ပြင်းထန်ခဲ့ပါတယ်။ ချင်ချင်း တုံ့ပြန်မှု မလုပ်တဲ့ ဒေသအာဏာပိုင်တွေကိုလည်း ဝေဖန်ခဲ့ကြပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)