႐ိုးမားအသင္းကို အငွားစာခ်ဳပ္နဲ႔ ေျပာင္းေရႊ႕သြားတဲ့ မစ္ခီတာယန္

0
78

စီးရီးေအကလပ္ ႐ိုးမားအသင္းဟာ ဥေရာပ အေျပာင္းအေရႊ႕ကာလ ေနာက္ဆံုးရက္မွာ အာဆင္နယ္ ကြင္းလယ္လူ မစ္ခီတာယန္ကို တစ္ရာသီ အငွားစာခ်ဳပ္နဲ႔ ေခၚယူလိုက္ပါတယ္။

႐ိုးမားဟာ အသက္ ၃၀ အရြယ္ရွိ မစ္ခီတာယန္အတြက္ အငွားေခၚယူခအျပင္ လုပ္ခလစာ ေပးရမွာျဖစ္ပါတယ္။ မစ္ခီတာယန္ဟာ ၂၀၁၈ ခုႏွစ္၊ ဇန္နဝါရီလက မန္ခ်က္စတာ ယူႏိုက္တက္ကေန အာဆင္နယ္ကို ေျပာင္းေရႊ႕ခဲ့သူ ျဖစ္ပါတယ္။ 

မစ္ခီတာယန္ဟာ အာဆင္နယ္အတြက္ ပြဲေပါင္း ၅၉ ပြဲ ပါဝင္ကစားခဲ့ၿပီး ကိုးဂိုးသြင္းယူထားပါတယ္။ အာဆင္နယ္နည္းျပ အမ္မရီက အသင္းမွာ လူငယ္ကစားသမားေတြကို ပိုမိုအသံုးျပဳလာခဲ့ရာ မစ္ခီတာယန္အတြက္ ပံုမွန္ပြဲထြက္ ကစားခြင့္ဆံုးရႈံးထားပါတယ္။ ႐ိုးမားအသင္းက မစ္ခီတာယန္ကို အငွားနဲ႔ ေခၚယူခြင့္ရေပမယ့္ စာခ်ဳပ္ထဲမွာ အၿပီးသတ္ ေခၚယူခြင့္ေပးမယ့္အခ်က္ မပါဝင္ပါဘူး။

ရိုးမားအသင်းကို အငှားစာချုပ်နဲ့ ပြောင်းရွှေ့သွားတဲ့ မစ်ခီတာယန်

စီးရီးအေကလပ် ရိုးမားအသင်းဟာ ဥရောပ အပြောင်းအရွှေ့ကာလ နောက်ဆုံးရက်မှာ အာဆင်နယ် ကွင်းလယ်လူ မစ်ခီတာယန်ကို တစ်ရာသီ အငှားစာချုပ်နဲ့ ခေါ်ယူလိုက်ပါတယ်။

ရိုးမားဟာ အသက် ၃၀ အရွယ်ရှိ မစ်ခီတာယန်အတွက် အငှားခေါ်ယူခအပြင် လုပ်ခလစာ ပေးရမှာဖြစ်ပါတယ်။ မစ်ခီတာယန်ဟာ ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလက မန်ချက်စတာ ယူနိုက်တက်ကနေ အာဆင်နယ်ကို ပြောင်းရွှေ့ခဲ့သူ ဖြစ်ပါတယ်။

မစ်ခီတာယန်ဟာ အာဆင်နယ်အတွက် ပွဲပေါင်း ၅၉ ပွဲ ပါဝင်ကစားခဲ့ပြီး ကိုးဂိုးသွင်းယူထားပါတယ်။ အာဆင်နယ်နည်းပြ အမ်မရီက အသင်းမှာ လူငယ်ကစားသမားတွေကို ပိုမိုအသုံးပြုလာခဲ့ရာ မစ်ခီတာယန်အတွက် ပုံမှန်ပွဲထွက် ကစားခွင့်ဆုံးရှုံးထားပါတယ်။ ရိုးမားအသင်းက မစ်ခီတာယန်ကို အငှားနဲ့ ခေါ်ယူခွင့်ရပေမယ့် စာချုပ်ထဲမှာ အပြီးသတ် ခေါ်ယူခွင့်ပေးမယ့်အချက် မပါဝင်ပါဘူး။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)