
0
72




အိန္ဒိယ အမှုဆောင် အရာရှိ သုံးပုံ နှစ်ပုံဟာ အဝလွန်နေ


စိတ်ဖိစီးမှု၊ အထိုင်းများခြင်းနဲ့ ကျန်းမာရေးနဲ့ လျော်ညီအောင် မစားခြင်းတွေက အိန္ဒိယကုမ္ပဏီကြီးတွေရဲ့ အမှုဆောင် အရာရှိ သုံးပုံ နှစ်ပုံကို အဝလွန်စေလို့ HealthifyMe အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။


ကိုယ်အလေးချိန်နဲ့ အရပ်အမြင့် အချိုးအစားအရ တွက်ချက်တဲ့ BMI အရ ၂၄ ဒသမ ၉ အောက်ရှိမှသာ ကျန်းမာတယ်လို့ သတ်မှတ်ပြီး အိန္ဒိယ အမှုဆောင် အရာရှိတွေက BMI မှာ ၂၅ ကျော်နေကြပါတယ်။ ဒါဟာ အလွန် အန္တရာယ်များပြီး ဆီးချိုဖြစ်ဖို့ အဓိက အကြောင်းအရင်း ဖြစ်ပါတယ်။


အစီရင်ခံစာ လေ့လာချက်အရ ဘဏ္ဍာရေးလုပ်ငန်းနဲ့ ကုန်ထုတ်လုပ်ရေး လုပ်ငန်းတွေက ဝန်ထမ်းတွေက လှုပ်ရှားမှု အနည်းဆုံးရှိသူတွေ ဖြစ်ပါတယ်။ စားသောက်ကုန် လုပ်ငန်း၊ အချိန်ကိုက် လှုပ်ရှားရတဲ့ စက်မှုလုပ်ငန်းက ဝန်ထမ်းတွေကတော့ လှုပ်ရှားမှု အများဆုံး ရှိသူတွေ ဖြစ်ပါတယ်။ ဒီဏ္ဍကက ဝန်ထမ်းတွေဟာ ဘဏ္ဍာရေးကဏ္ဍက ဝန်ထမ်းတွေထက် တစ်ရက်ကို ခြေလှမ်း အနည်းဆုံး ၁ ထောင်ခန့် လမ်းပိုလျှောက်ကြောင်း လေ့လာ တွေ့ရှိရပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)