အေမရိကန္ တပ္ဖြဲ႔ဝင္ ၅ ေထာင္ေက်ာ္ကို အာဖန္ဂန္ နစၥတန္ကေန ျပန္႐ုတ္သိမ္းမယ္

0
88

အာဖန္ဂန္နစၥတန္ႏုိင္ငံ အတြင္းကေန အေမရိကန္ တပ္ဖြဲ႔ဝင္ေပါင္း ၅၄၀၀ ကို ျပန္႐ုတ္သိမ္းဖို႔ မူအားျဖင့္ သေဘာတူလိုက္ပါတယ္။ 

အေမရိကန္နဲ႔ တာလီဘန္ သူပုန္အဖြဲ႔တုိ႔ ခ်ဳပ္ဆုိမယ့္ ၿငိမ္းခ်မ္းေရးစာခ်ဳပ္ အစိတ္အပိုင္း တစ္ရပ္အေနနဲ႔ အေမရိကန္ တပ္ဖြဲ႔ဝင္ေတြ သီတင္းပတ္ ၂၀ အတြင္း ျပန္႐ုတ္သိမ္းမွာ ျဖစ္ပါတယ္။ စာခ်ဳပ္မူၾကမ္း ၿပီးသြားၿပီျဖစ္ေပမယ့္ အေမရိကန္ သမၼတက ခြင့္ျပဳဖုိ႔က်န္ေသးပါတယ္။ 

တာဘီဘန္ သူပုန္အဖြဲ႔ဟာ အေမရိကန္နဲ႔ ၿငိမ္းခ်မ္းေရး ေဆြးေႏြးေနခ်ိန္မွာပဲ ၿမိဳ႕ေတာ္ ကဘူးလ္မွာ လူေပါင္း ၁၆ ဦး ေသဆံုးေစတဲ့ အေသခံဗံုးခြဲ တုိက္ခုိက္မႈ လုပ္ခဲ့ပါတယ္။ ကဘူးလ္ၿမိဳ႕တြင္းရွိ ႏိုင္ငံျခား အဖြဲ႔အစည္းေတြ အေျခစိုက္ရာ အေဆာက္အဦးေတြရွိတဲ့ ဝင္းထဲကို ပစ္မွတ္ထား တုိက္ခုိက္ခဲ့တာျဖစ္ပါတယ္။

အမေရိကန် တပ်ဖွဲ့ဝင် ၅ ထောင်ကျော်ကို အာဖန်ဂန် နစ္စတန်ကနေ ပြန်ရုတ်သိမ်းမယ်


အာဖန်ဂန်နစ္စတန်နိုင်ငံ အတွင်းကနေ အမေရိကန် တပ်ဖွဲ့ဝင်ပေါင်း ၅၄၀ဝ ကို ပြန်ရုတ်သိမ်းဖို့ မူအားဖြင့် သဘောတူလိုက်ပါတယ်။


အမေရိကန်နဲ့ တာလီဘန် သူပုန်အဖွဲ့တို့ ချုပ်ဆိုမယ့် ငြိမ်းချမ်းရေးစာချုပ် အစိတ်အပိုင်း တစ်ရပ်အနေနဲ့ အမေရိကန် တပ်ဖွဲ့ဝင်တွေ သီတင်းပတ် ၂၀ အတွင်း ပြန်ရုတ်သိမ်းမှာ ဖြစ်ပါတယ်။ စာချုပ်မူကြမ်း ပြီးသွားပြီဖြစ်ပေမယ့် အမေရိကန် သမ္မတက ခွင့်ပြုဖို့ကျန်သေးပါတယ်။


တာဘီဘန် သူပုန်အဖွဲ့ဟာ အမေရိကန်နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးနေချိန်မှာပဲ မြို့တော် ကဘူးလ်မှာ လူပေါင်း ၁၆ ဦး သေဆုံးစေတဲ့ အသေခံဗုံးခွဲ တိုက်ခိုက်မှု လုပ်ခဲ့ပါတယ်။ ကဘူးလ်မြို့တွင်းရှိ နိုင်ငံခြား အဖွဲ့အစည်းတွေ အခြေစိုက်ရာ အဆောက်အဦးတွေရှိတဲ့ ဝင်းထဲကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)