
0
70




ဂါလာတာစာရေး အသင်းကို အပြီးသတ် ပြောင်းရွှေ့မယ့် ဖယ်ကာအို


ပြင်သစ်ကလပ် မိုနာကို အသင်း တိုက်စစ်မှူး ဖယ်ကာအိုဟာ ဂါလာတာစာရေး အသင်းကို ပြောင်းရွှေ့သွားပါတယ်။


မိုနာကို တိုက်စစ်မှူးကို ဂါလာတာစာရေး ပရိသတ်တွေက သူရဲကောင်းသဖွယ် ကြိုဆိုနေပါတယ်။ ဖယ်ကာအိုဟာ ဂါလာတာစာရေးကို ပြောင်းရွှေ့ဖို့ သဘောတူညီမှု ရရှိထားပြီး အပြီးသတ် ပြောင်းရွှေ့တော့မှာ ဖြစ်တယ်လို့ The Mirror သတင်းက ဖော်ပြပါတယ်။


မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူးဟောင်းဟာ ဂါလာတာစာရေး အသင်းနဲ့ သုံးနှစ်စာချုပ် လက်မှတ်ရေးထိုးမှာ ဖြစ်ပါတယ်။ ဖယ်ကာအိုဟာ မိုနာကိုအသင်းမှာ ခြောက်နှစ်ကြာ ကစားခဲ့ပြီး အသင်းအတွက် ပွဲပေါင်း ၁၄၀ မှာ ၈၃ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)