
0
79




ဟောင်ကောင် အုပ်ချုပ်ရေးမှူး ရာထူးက နုတ်မထွက်ဘူးလို့ ကာရီ လမ် ပြော


ဟောင်ကောင် အုပ်ချုပ်ရေးမှူးက သူ့အနေနဲ့ ဖြစ်နိုင်ရင် နုတ်ထွက်ချင်တယ်လို့ ပြောကြောင်း သတင်းအေဂျင်စီတစ်ခုက ဖော်ပြပြီးတဲ့နောက် နုတ်ထွက်ဖို့ အစီအစဉ်မရှိကြောင်း ပြဿနာတွေနဲ့ ရင်ဆိုင်နေရတဲ့ ဟောင်ကောင် အုပ်ချုပ်ရေးမှူး ကာရီ လမ်က တုံ့ပြန်လိုက်ပါတယ်။


ဟောင်ကောင် အုပ်ချုပ်ရေးမှူး ကာရီ လမ်က တရုတ်ဗဟိုအစိုးရထံ ဘယ်တုန်းကမှ နုတ်ထွက်စာ မတင်ခဲ့ကြောင်း၊ နုတ်ထွက်ဖို့အရေးနဲ့ ပတ်သက်ပြီး တရုတ်ဗဟိုအစိုးရနဲ့ ဆွေးနွေးဖို့ မစဉ်းစားခဲ့ကြောင်း ပြောပါတယ်။


ဆက်လက် ဖြစ်ပွားနေတဲ့ ဒီမိုကရေစီအရေး ထောက်ခံဆန္ဒပြပွဲတွေဟာ ဟောင်ကောင်ကို မတည်မငြိမ် ဖြစ်စေတယ်လို့ ပြောဆိုခဲ့ပြီး ဆန္ဒပြပွဲတွေ အဆုံးသတ်ရေး တွေ့ဆုံညှိနှိုင်းဖို့လည်း ကာရီ လမ်က တောင်းဆိုခဲ့ပါတယ်။ ကာရီ လမ်နဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ အလွတ်သဘော ပြောဆိုထားတဲ့ အသံဖိုင်တစ်ခု ပေါက်ကြားခဲ့ပြီး အဲဒီအသံဖိုင်မှာ မစ္စ လမ်က ရွေးချယ်ရမယ်ဆိုရင် ပထမဆုံး နုတ်ထွက်မှာလို့ ပြောဆိုထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)