လော့စ်အိန်ဂျလိစ် သမိုင်းမှာ အကြီးဆုံးဖြစ်တဲ့ တောမီး လောင်ကျွမ်း

0
361

အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ လော့စ်အိန်ဂျလိစ် စီရင်စုမှာ တောမီးလောင်ကျွမ်းမှုကြောင့် နေအိမ်တွေအပါအဝင် မီးလောင်ကျွမ်းမှု များပြားပြင်းထန်တယ်လို့ လော့စ်အိန်ဂျလိစ် မီးသတ်ဌာန အကြီးအကဲ ရာ့ဖ် တာရာဇက်စ်က ပြောပါတယ်။

စက်တင်ဘာ ၃ ရက်က စတင်လောင်ကျွမ်းတဲ့ မီးဟာ ဒီနေ့ စက်တင်ဘာ ၄ ရက်နေ့မှာ မိုးဖွဲကျပြီး အပူချိန်လျော့သွားတာကြောင့် မီးသတ်သမား တစ်ထောင်ကျော်အတွက် မီးငြိမ်းရာမှာ အခွင့်သာစေခဲ့ပါတယ်။

လေတိုက်ခတ်မှုကြောင့် တောမီးဟာ လျင်မြန်စွာ ပျံ့သွားခဲ့ပြီး လော့စ်အိန်ဂျလိစ် မြောက်ဖျားဘက်ကို တောမီးက ဝါးမြိုခဲ့ပါတယ်။ တောမီးလောင်ကျွမ်းမှုဟာ ဧက ၅၉၀၀ လောက်ရှိပြီး နေအိမ် ၃ လုံး မီးလောင်ကာ ၁ လုံး ပျက်စီးသွားပါတယ်။ နေအိမ် ၇၀၀ ကျော်က မိသားစုတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ရပါတယ်။

ဒီမီးဟာ လော့စ်အိန်ဂျလိစ် သမိုင်းမှာ အကြီးမားဆုံး တောမီးလောင်ကျွမ်းမှု ဖြစ်ပါတယ်။ လူအရောက်အပေါက် နည်းတဲ့ တောင်ကုန်းဒေသဘက်တွေမှာ မီးလောင်ကျွမ်းမှု ပိုပြီး ဆိုးရွားခဲ့ပါတယ်။

ကယ်လီဖိုးနီးယား အုပ်ချုပ်ရေးမှူး ဂျယ်ရီ ဘရောင်းကတော့ လော့စ်အိန်ဂျလိစ် စီရင်စုကို အရေးပေါ်အခြေအနေ ကြေညာထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)