နည်းပြမောရင်ဟို အဝါကဒ်ပြခံလိုက်ရတဲ့ ရန်ပုံငွေကစားပွဲ

0
237

မန်ချက်စတာယူနိုက်တတ်အသင်းရဲ့ မန်နေဂျာမော်ရင်ဟိုဟာ လန်ဒန်မှာဖြစ်ခဲ့တဲ့ ဂရင်းဖဲလ်တာဝါ မီလောင်မှု နဲ့ ပတ်သတ်တဲ့ ချစ်ကြည်ရေးရန်ပုံငွေဖြစ်တဲ့ Game 4 Grenfell လို့အမည်ပေးထားတဲ့ ဘောလုံးပွဲမှာ ဂိုးသမား အဖြစ်ပါဝင်ကစားခဲ့တာဖြစ်ပါတယ်။

Team Ferdinand နဲ့ Team Shearer ဆိုပြီး အသင်းနှစ်သင်းဖွဲ့ကစားခဲ့ တာဖြစ်ပြီး Team Ferdinand မှာတော့ အင်္ဂလန်တိုက်စစ်မှူးဟောင်း ဖာဒီနန်းဦးဆောင်ကစားခဲ့ပြီး Team Shearer မှာတော့ အင်္ဂလန်တိုက်စစ်မှူးဟောင်း အလန်းရှီယား ပါဝင်ကစားခဲ့တာဖြစ်ပါတယ်။

နည်းပြကြီး မောရင်ဟိုကတော့ Team Shearer မှာပါဝင်ကစားခဲ့ပြီး ဒုတိယပိုင်းအရောက်မှာ အင်္ဂလန်ဂိုးသမားဟောင်း ဒေးဗစ်ဂျိမ်းနေရာမှာ အစားထိုးဝင်ရောက်ကစားခဲ့တာဖြစ်ပါတယ်။

အဲ့ဒီပွဲမှာ ဂိုးလွန်ဘောကို မော်ရင်ဟိုကန်တင်ဖို့ ပြင်ဆင်ရာ အချိန်ဆွဲတယ်ဆိုပြီး အဝါကဒ်ပြသခြင်းခံခဲ့ရပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)