တရုတ်ဂျာနယ်လစ်တွေကို အမေရိကန်က ဗီဇာမတိုးပေးရင် တရုတ်အစိုးရ လက်တုံ့ပြန်မယ်

0
576

အမေရိကန်က တရုတ်ဂျာနယ်လစ်တွေကို ထွက်သွားအောင် လုပ်ရင် တရုတ်ပြည်မကြီးမှသာမက ဟောင်ကောင်မှာ အခြေစိုက်နေတဲ့ အမေရိကန် ဂျာနယ်လစ်တွေကိုပါ မောင်းထုတ်ပြီး တရုတ်အစိုးရက လက်တုံ့ပြန်လိမ့်မယ်လို့ ဂလိုဘယ်တိုင်းမ် အယ်ဒီတာချုပ် ဟူ ရှီကျင်က ပြောပါတယ်။

တရုတ်ဂျာနယ်လစ်တွေကို အမေရိကန်ဘက်က ဗီဇာသက်တမ်း တိုးမပေးကြောင်း၊ ဒါကြောင့် တရုတ်အစိုးရဘက်ကလည်း ဟောင်ကောင်ရှိ အမေရိကန် ဂျာနယ်လစ်တွေကိုပါ ပစ်မှတ်ထားပြီး လက်တုံ့ပြန်ဖို့ ပြင်ဆင်နေကြောင်း အယ်ဒီတာချုပ် ဟူက Twitter မှာ ရေးသားထားတာပါ။

ဂလိုဘယ် တိုင်းမ် သတင်းစာဟာ တရုတ်ကွန်မြူနစ်ပါတီရဲ့ တရားဝင် သတင်းစာ ဖြစ်ပါတယ်။

တရုတ်ဂျာနယ်လစ်တွေ ဗီဇာသက်တမ်းကို အမေရိကန် ပြည်ထောင်စုက ရက် ၉၀ သတ်မှတ်ထားပြီး ပြီးခဲ့တဲ့ မေလက စတင်ကျင့်သုံးခဲ့ပါတယ်။ ဗီဇာသက်တမ်းကုန်ရင် သက်တမ်းထပ်တိုးဖို့ လိုအပ်ပါတယ်။ အမေရိကန်ရှိ တရုတ်ဂျာနယ်လစ် ဘယ်နှယောက်အပေါ် ဗီဇာကိစ္စ သက်ရောက်မှု ရှိမလဲ၊ ဗီဇာ သက်တမ်း တိုးမပေးရင် ထွက်ခွာဖို့ လိုတဲ့ ဂျာနယ်လစ် ဘယ်နှဦး ရှိမလဲဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

တရုတ်နဲ့ အမေရိကန်တို့ဟာ ဂျာနယ်လစ်တွေနဲ့ ပတ်သက်လို့ ပြီးခဲ့တဲ့လတွေက အပြန်အလှန် အတင်မခံဘဲ လုပ်ဆောင်မှုတွေ ရှိခဲ့ကြပါတယ်။ အမေရိကန်က တရုတ်ကွန်မြူနစ်ပါတီ ကျောထောက်နောက်ခံ ပေးထားတဲ့ မီဒီယာတွေကို သံတမန် အယောင်ဆောင်တွေ အဖြစ် စွပ်စွဲမှုတွေ ရှိပါတယ်။


________________

________________

တရုတ်ဂျာနယ်လစ်တွေကို အမေရိကန်က ဗီဇာမတိုးပေးရင် တရုတ်အစိုးရ လက်တုံ့ပြန်မယ်

အမေရိကန်က တရုတ်ဂျာနယ်လစ်တွေကို ထွက်သွားအောင် လုပ်ရင် တရုတ်ပြည်မကြီးမှသာမက ဟောင်ကောင်မှာ အခြေစိုက်နေတဲ့ အမေရိကန် ဂျာနယ်လစ်တွေကိုပါ မောင်းထုတ်ပြီး တရုတ်အစိုးရက လက်တုံ့ပြန်လိမ့်မယ်လို့ ဂလိုဘယ်တိုင်းမ် အယ်ဒီတာချုပ် ဟူ ရှီကျင်က ပြောပါတယ်။

တရုတ်ဂျာနယ်လစ်တွေကို အမေရိကန်ဘက်က ဗီဇာသက်တမ်း တိုးမပေးကြောင်း၊ ဒါကြောင့် တရုတ်အစိုးရဘက်ကလည်း ဟောင်ကောင်ရှိ အမေရိကန် ဂျာနယ်လစ်တွေကိုပါ ပစ်မှတ်ထားပြီး လက်တုံ့ပြန်ဖို့ ပြင်ဆင်နေကြောင်း အယ်ဒီတာချုပ် ဟူက Twitter မှာ ရေးသားထားတာပါ။

ဂလိုဘယ် တိုင်းမ် သတင်းစာဟာ တရုတ်ကွန်မြူနစ်ပါတီရဲ့ တရားဝင် သတင်းစာ ဖြစ်ပါတယ်။

တရုတ်ဂျာနယ်လစ်တွေ ဗီဇာသက်တမ်းကို အမေရိကန် ပြည်ထောင်စုက ရက် ၉၀ သတ်မှတ်ထားပြီး ပြီးခဲ့တဲ့ မေလက စတင်ကျင့်သုံးခဲ့ပါတယ်။ ဗီဇာသက်တမ်းကုန်ရင် သက်တမ်းထပ်တိုးဖို့ လိုအပ်ပါတယ်။ အမေရိကန်ရှိ တရုတ်ဂျာနယ်လစ် ဘယ်နှယောက်အပေါ် ဗီဇာကိစ္စ သက်ရောက်မှု ရှိမလဲ၊ ဗီဇာ သက်တမ်း တိုးမပေးရင် ထွက်ခွာဖို့ လိုတဲ့ ဂျာနယ်လစ် ဘယ်နှဦး ရှိမလဲဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

တရုတ်နဲ့ အမေရိကန်တို့ဟာ ဂျာနယ်လစ်တွေနဲ့ ပတ်သက်လို့ ပြီးခဲ့တဲ့လတွေက အပြန်အလှန် အတင်မခံဘဲ လုပ်ဆောင်မှုတွေ ရှိခဲ့ကြပါတယ်။ အမေရိကန်က တရုတ်ကွန်မြူနစ်ပါတီ ကျောထောက်နောက်ခံ ပေးထားတဲ့ မီဒီယာတွေကို သံတမန် အယောင်ဆောင်တွေ အဖြစ် စွပ်စွဲမှုတွေ ရှိပါတယ်။ တရုတ်ဘက်ကလည်း ဒီနှစ်ထဲမှာ နယူးယောက်တိုင်းမ်၊ ဝေါစထရိ ဂျာနယ်နဲ့ ဝါရှင်တန်ပို့စ် သတင်းစာတွေက အမေရိကန် ဂျာနယ်လစ်တွေကို နှင်ထုတ်ခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)