အီရန် ကျောက်မီးသွေးတွင်း မိုင်းပေါက်ကွဲပြီး လူပေါင်း ၅၀ ကျော် ပိတ်မိနေ

0
304

အီရန်နိုင်ငံ မြောက်ပိုင်းက ကျောက်မီးသွေး တူးဖော်နေတဲ့ မိုင်းတွင်းမှာ မနေ့က ကြီးမားတဲ့ မိုင်းပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး အလုပ်သမား ၅၀ ကျော် အထဲမှာ ပိတ်မိနေပြီး အများအပြား သေဆုံးခဲ့ပါတယ်။

ဒဏ်ရာရရှိခဲ့တဲ့ အလုပ်သမား ဒါဇင်ကျော်ကို ဒေသစံတော်ချိန် ၁၂ နာရီ ၄၅ မိနစ်မှာ ဂလိုစတန် ပြည်နယ် ဆေးရုံ ပို့ဆောင်ပေးခဲ့ရပါတယ်။

ပိတ်မိနေတဲ့ အလုပ်သမားတွေကို ကယ်ဆယ်မှုတွေ ပြုလုပ်နေခဲ့ပြီး အဲဒီကျောက်မီးသွေးတွင်းမှာ အလုပ်သမား ၅၀၀ ကျော် အလုပ်လုပ်နေတာ ဖြစ်တယ်လို့ အီရန် သတင်းမှာဖော်ပြခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)