ကလေးငယ် ၈ ဦးကို သတ်ဖြတ်သူ စိတ်မမှန်လို့ တရားစီရင်မှု မခံရ

0
259

သြစတေးလျနိုင်ငံမှာ မိမိရဲ့ရင်သွေး ၇ ဦးနဲ့ တူမတစ်ဦးကို သတ်ဖြတ်ခဲ့တဲ့အမျိုးသမီးဟာ ပြစ်မှုကျုးလွန်နေချိန်မှာ စိတ်ပိုင်းဆိုင်ရာ ပုံမှန်မရှိတာကြောင့် ရာဇ၀တ်မှုနဲ့ တရားစီရင် မခံခဲ့ရပါဘူး။

ရိန်နာထိုင်းဒေးဆိုသူ အဆိုပါ အမျိုးသမီးဟာ သားလေးဦး၊ သမီးသုံးဦးအပါအ၀င် တူမတစ်ဦးပေါင်း ကလေးငယ် ၈ ဦးကို သတ်ဖြတ်ခဲ့ချိန်မှာ စိတ်ကစဥ့်ကလျား ရောဂါခံစားနေရကြောင်း စိတ်ပညာရှင်တွေက စစ်ဆေးတွေ့ရှိခဲ့ပါတယ်။

ဒါကြောင့် ပြီးခဲ့တဲ့လအတွင်းက ဒီအမှုကိုချမှတ်ခဲ့တဲ့ တရားရုံးအမိန့်ကို ဒီကနေ့မှ အများပြည်သူကို ထုတ်ဖော်ပြောဆိုခဲ့တာဖြစ်ပြီး ရာဇ၀တ်မှု နဲ့ အရေးမယူခဲ့ဘူးလို့ သိရှိရပါတယ်။

အသက် ၄၀အရွယ် တရားခံအမျိုးသမီးကို ဘရစ္စဘန်းမြို့က လုံခြုံရေးတင်းကြပ်တဲ့ စင်တာတစ်ခုမှာ ထိန်းသိမ်းထားပါတယ်။ သူမကိုလူ့ အသိုင်းအ၀ိုင်းထဲ ပြန်ဝင်ခွင့်ပေးမပေးကိုတော့ အသေအချာမသိရှိရသေးပါဘူး။

အသက် ၂ နှစ်ကနေ ၁၄ နှစ်အရွယ်အတွင်းရှိတဲ့ ကလေး ၈ဦးသေဆုံးခဲ့ရတဲ့ နေအိမ်ကိုတော့ အာဏာပိုင်တွေက ဖျက်ဆီးလိုက်ပြီဖြစ်ပါတယ်။ သေဆုံးခဲ့တဲ့ ကလေးငယ်တွေအတွက် အမှတ်တရဥယျာဉ်လေးတစ်ခု အဲဒီအိမ်နေရာမှာ တည်ဆောက်ထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)