ဘဏ်တွေကနေ ဒေါ်လာသန်း ၉၀ ခန့် မြောက်ကိုရီးယား ဟတ်ကာတွေ ခိုးယူ

0
265

ပြီးခဲ့တဲ့နှစ်က နိုင်ငံတကာ ဘဏ်တွေဆီကနေ အမေရိကန်ဒေါ်လာ သန်း ၉၀ ခန့် မြောက်ကိုရီးယား ဟတ်ကာတွေ ခိုးယူခဲ့ကြောင်း ကွန်ပျူတာ လုံခြုံရေးကုမ္ပဏီတစ်ခုဖြစ်တဲ့ Symantec က ပြောဆိုလိုက်ပါတယ်။

ပြီးခဲ့တဲ့နှစ်က ကမ္ဘာတလွှားမှာ ကျုးလွန်ခဲ့တဲ့ ဆိုက်ဘာရာဇ၀တ်မှုတွေကို Symantec က လေ့လာခဲ့ပြီး နိုင်ငံပေါင်း ၃၀ ကျော်က ဘဏ်လုပ် ငန်းပေါင်း ၁၀၄ ခုဆီကနေ မြောက်ကိုရီးယား ဟတ်ကာတွေကခိုးယူခဲ့ကြောင်း ဖော်ထုတ်လိုက်တာဖြစ်ပါတယ်။ မြောက်ကိုရီးယားဟတ်ကာတွေရဲ့လက်ချက်ကြောင့် ငွေကြေးဆုံးရှုံးရမှုမှာ ဘင်္ဂလားဒေ့ရှ်ဗဟိုဘဏ်လည်း ပါဝင်ခဲ့ကြောင်း သိရှိရပါတယ်။

ဘင်္ဂလားဒေ့ရှ်ဘဏ် လုံခြုံရေးကျိုးပေါက်မှုဖြစ်စဉ်မှာ ဒေါ်လာ ၈၁ သန်းခန့်ဆုံးရှုံးခဲ့ရပြီး အသုံးပြုခဲ့တဲ့ ကုဒ်က လာဇာရုစ်အဖွဲ့သုံးတဲ့ ကုဒ်နဲ့တူညီမှုရှိတယ်လို့ Symantec ကုမ္ပဏီက ပြောပါတယ်။ အဲဒီလာဇာရုစ်အဖွဲ့ဟာ မြောက်ကိုရီးယားအစိုးရနဲ့ ဆက်နွှယ်မှုရှိနေပါတယ်။

၂၀၀၄ ခုနှစ်က ဆိုနီရုပ်ရှင်ကုမ္ပဏီကို ဆိုက်ဘာတိုက်ခိုက်မှု ပြုလုပ်ခဲ့တဲ့ဖြစ်စဉ်နောက်ကွယ်မှာ လာဇာရုစ်အဖွဲ့ရှိနေခဲ့ပါတယ်။ ဆိုနီရုပ်ရှင်ကုမ္ပဏီက မြောက် ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းလုပ်ကြံဖို့ ကြိုးပမ်းမှုကို ရုပ်ရှင်ရိုက်ကူးခဲ့တာဖြစ်ပါတယ်။

ဟတ်ကာတွေက ဘင်္ဂလားဒေ့ရှ် ဗဟိုဘဏ်ရဲ့လျို့ဝှက်ကုဒ်ကို ရရှိခဲ့ပြီးဘဏ်ထဲကငွေတွေကို သီရီလင်္ကာနဲ့ ဖိလစ်ပိုင်ကအကောင့်တွေကိုလွှဲဖို့ နယူးယောက် ဖက်ဒရယ်ရန်ပုံငွေဘဏ်ကို လှမ်းတောင်းဆိုတဲ့နည်းလမ်းနဲ့ ခိုးယူခဲ့ကြတာဖြစ်ပါတယ်။ ဘဏ်အာဏာပိုင်တွေက သံသယရှိလာချိန်မှာ ငွေတချို့ ပြန်ရခဲ့ပေမယ့် အများစုက ဆုံးရှုံးသွားခဲ့ပါတယ်။

တောင်ကိုရီးယားအခြေစိုက် Symantec က ယွန်ကွမ်တိုက်ခ်က “ ၂၀၁၅ခုနှစ်က စပြီး ပိုလန်၊ ဖိလစ်ပိုင်၊ အီကွေဒေါ်၊ ဗီယက်နမ်၊ ဘဏ်တွေ ပစ်မှတ်ထား တိုက်ခိုက်ခံရမှုနောက်ကွယ်မှာ လာဇာရုစ်အဖွဲ့ရှိနေတာကို တွေ့ရှိခဲ့ရပါတယ်” လို့ ပြောပြခဲ့ပါတယ်။ အဆိုပါခိုးယူမှုတွေမှာ ဘဏ် တွေအနေနဲ့ ဒေါ်လာ ၉၄ သန်းခန့် ဆုံးရှုံးခဲ့ရပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)