တရုတ်အစိုးရကို မြောက်ကိုရီးယား ဗြောင်ဝေဖန် ပြောဆိုပြီ

0
314

မြောက်ကိုရီးယားအစိုးရက ရှားရှားပါးပါးအနေနဲ့ သူ့ရဲ့မဟာမိတ်ကြီးဖြစ်တဲ့ တရုတ်နိုင်ငံအပေါ် ဗြောင်ကျကျဝေဖန်ပြောဆိုမှုကို ရုပ်သံသတင်း အစီအစဉ်ကနေတစ်ဆင့် ပြုလုပ်လိုက်ပါတယ်။

မြောက်ကိုရီးယားရဲ့နျူကလီယားစမ်းသပ်ချက်တွေကို တရုတ် အစိုးရရဲ့ဝေဖန်မှတ်ချက်ပေးမှုဟာ အဆင်အခြင်ကင်းမဲ့နေသလို ပြုံယမ်းရဲ့စိတ်ရှည်သည်းခံ မှုကို စမ်းသပ်နေသလိုဖြစ်ကြောင်းနဲ့ ဒီအတွက် ဆိုးရွားပြင်းထန်တဲ့ အကျိုးဆက်တွေကို ခံစားရမှာဖြစ်ကြောင်း ပြောဆိုလိုက်တာဖြစ်ပါတယ်။

အကြီးဆုံးကုန်သွယ်ဖက်နိုင်ငံဖြစ်တဲ့ တရုတ်နိုင်ငံက မြောက်ကိုရီးယားရဲ့ကျောက်မီးသွေးတင်ပို့မှုကို ရပ်ဆိုင်းလိုက်တဲ့အပြင် အစဉ်အလာအရ မဟာမိတ်ဖြစ်ခဲ့တဲ့ မြောက်ကိုရီးယားကို နျူကလီယားစမ်းသပ်ချက်တွေ ဆက်မလုပ်ဖို့လည်း တိုက်တွန်းပြောဆိုခဲ့ပါ တယ်။

တရုတ်နိုင်ငံဟာ အဆင်အခြင်ကင်းမဲ့တဲ့ မှတ်ချက်တွေကို နေ့စဉ်ပြောဆိုနေပြီး တင်းမာနေတဲ့အခြေအနေကို ပိုဆိုးရွားလာအောင် လုပ်နေတယ်လို့ မြောက်ကိုရီးယား နိုင်ငံပိုင်မီဒီယာကနေ ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့က ဖော်ပြခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် တရုတ်နိုင်ငံအနေနဲ့ မြောက်ကိုရီးယားရဲ့စိတ်ရှည်သည်းခံနေမှုကို ဆက်ပြီး စမ်းသပ်နေဖို့မသင့်ကြောင်းလည်း မြောက်ကိုရီးယားမီဒီယာက ဆက်လက်ဖော်ပြခဲ့ပါတယ်။

တရုတ်အစိုးရရဲ့အာဘော်ကိုထင်ဟပ်တဲ့ Global Times သတင်းစာရဲ့အယ်ဒီတာအာဘော်က မြောက်ကိုရီးယားဟာ ၁၉၆၁ ခုနှစ် က ချုပ်ဆိုခဲ့တဲ့ နှစ်နိုင်ငံကြားရန်မလိုရေးမှုကို ချိုးဖောက်လိုက်တာဖြစ်ကြောင်း ဖော်ပြပါတယ်။

ဒါ့အပြင် မြောက်ကိုရီးယားရဲ့ နျူ ကလီယားရည်မှန်းချက်တွေဟာ ပြုံယမ်းအစိုးရကို မပြန်လမ်းကိုရောက်စေလိမ့်မယ်လို့လည်း ဒီသတင်းစာက ဖော်ပြခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)