ကိုယ်တိုင် ဗုံးပေါက်ကွဲပြီး သေဆုံးတဲ့ဓာတ်ပုံကို ရိုက်ကူးခဲ့တဲ့ ဓာတ်ပုံဆရာမ

0
303

ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ်က အာဖဂန်နစ္စတန်နိုင်ငံမှာ စစ်ရေးလေ့ကျင့်မှုတစ်ခုအတွင်း မတော်တဆ ဗုံးပေါက်ကွဲခဲ့မှုကြောင့် ကိုယ်တိုင် သေဆုံးခဲ့ရတဲ့ ဓါတ်ပုံကို ရိုက်ကူးခဲ့တဲ့ အမေရိကန်စစ်မြေပြင် ဓာတ်ပုံဆရာမဟီလ်ဒါကလေတန်ရဲ့ ဓါတ်ပုံတွေကို အမေရိကန်စစ်တပ် က ထုတ်ဖော်ပြသလိုက်ပါတယ်။

အဆိုပါမတော်တဆမှုမှာ သူမနဲ့အတူ အာဖဂန်စစ်သားလေးဦးလည်း သေဆုံးခဲ့ပါတယ်။ အမေရိကန်စစ်တပ် ပရော်ဖက်ရှင်နယ်ဂျာနယ်က ဒီဓါတ်ပုံတွေကို ကြည့်ခြင်းအားဖြင့် စစ်တပ်ထဲမှာ အမျိုးသမီးစစ်သည်တွေဟာ အသက်အန္တရာယ်နဲ့ ဘယ်လောက်ပိုမို နီးကပ်လာနေတယ်ဆိုတာကို မြင်နေရကြောင်း ပြောဆိုခဲ့ပါတယ်။

၂၀၁၃ ခုနှစ်၊ ဇူလိုင်လ ၂ ရက်နေ့မှာ ကလေတန်က အဆိုပါဓါတ်ပုံတွေကို အာဖဂန်နစ္စတန်နိုင်ငံ၊ လက်ရ်မန်းပြည်နယ်မှာ ရိုက်ကူးခဲ့တာဖြစ်ပါတယ်။

တိုင်းပြည်အတွက် အရေးကြီးနေပြီး အမေရိကန်စစ်တပ်နဲ့ အာဖဂန်စစ်တပ်တို့ရဲ့ပူးပေါင်းဆောင်ရွက်မှုကို တည်ငြိမ်မှုရရှိအောင် လုပ်ဆောင်နေရတဲ့အချိန်မှာ ဒီ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့တာပါ။

ကလေတန်ဟာ မတော်တဆမှုကြောင့် သေဆုံးချိန်မှာ အသက် ၂၂ နှစ်ပဲရှိပါသေးတယ်။ ကလေတန်ရဲ့နောက်ဆုံးရိုက်ကူးခဲ့တဲ့ဓါတ်ပုံကို ကာယကံရှင် မိသားစုရဲ့ခွင့်ပြုချက်နဲ့ စစ်တပ်က ဖော်ပြခဲ့တာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)