ပါကစ္စတန် ဝန်ကြီးချုပ် အိမ်တော်ရှေ့မှာ လူတစ်ဦး ကိုယ့်ကိုယ်ကို မီးရှို့ သတ်သေ

0
216

COVID-19 ကူးစက်မှု ကိုင်တွယ်ပုံကို မကျေနပ်တဲ့အတွက် အစ္စလာမာဘတ်မြို့ရှိ ပါကစ္စတန် ဝန်ကြီးချုပ် အင်မ်ရန် ခန်းရဲ့ အိမ်တော်ရှေ့မှာ ဧပြီလ ၃ ရက်နေ့က အမျိုးသားတစ်ဦး ကိုယ့်ကိုယ်ကို မီးရှို့ပြီး သတ်သေသွားခဲ့ပါတယ်။

ဝန်ကြီးချုပ် အိမ်တော်ရှေ့ကို ဖိုင်ဆယ် ဆိုသူက သွားပြီး သူ့ကိုယ်သူ ဓာတ်ဆီလောင်းချကာ မီးရှို့ခဲ့တာလို့ အစ္စလာမာဘတ် ရဲတွေက ပြောပါတယ်။ ဖိုင်ဆယ်ဟာ သတ်မသေခင် ဝန်ကြီးချုပ် ခန်းထံ လိပ်မူပြီး စာတစ်စောင် ရေးခဲ့ပါတယ်။

စာထဲမှာ ဆေးရုံတွေမှာ ဆရာဝန်တွေက ခိုရိုနာဗိုင်းရပ်စ် လူနာတွေကို သေချာ ကုသမပေးကြောင်း၊ အင်မ်ရန် ခန်းကို မဲပေးမိတာ သူ့အမှားဖြစ်ကြောင်း သတ်သေသူ ဖိုင်ဆယ်က ရေးသားခဲ့ပါတယ်။ ပါကစ္စတန် နိုင်ငံမှာ ခိုရိုနာဗိုင်းရပ်စ် ကူးစက်သူ ၂၄၀၀ ကျော်လာပြီး သေဆုံးသူ ၄၀ ရှိလာပြီ ဖြစ်ပါတယ်။

အရင်က ဖိုင်ဆယ်ဟာ ဝန်ကြီးချုပ်ထံ စာရေးပြီး နယ်ခံနိုင်ငံရေးသမား ဂျာဝပ်ဒ် အဘာစီဟာ ဘာမှ ဆောင်ရွက်ပေးခြင်း မရှိဘူးလို့ တိုင်ကြားဖူးပါတယ်။ ဒါ့အပြင် သူဟာ ပန်ဂျပ်ပြည်နယ်၊ ရာဝါပင်ဒီ ရဲစခန်းကိုသွားပြီး ဂျာဝပ်ဒ် အဘာစီကို တိုင်ကြားခဲ့ပေမယ့် သူ့ကိုသာ အပြစ်ရှာတာ ခံခဲ့ရပါတယ်။

>>>>>>>>>>>>>>>>>>>>>>>>>>>>>

(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)