နှာခေါင်းစည်း မတပ်ဘူးလို့ သမ္မတ ထရမ့် ပြော

0
148

COVID-19 ရောဂါ ကာကွယ်တားဆီးရေးအတွက် အမေရိကန် အစိုးရက အမေရိကန်ပြည်သူတွေ အနေနဲ့ ကိုယ့်အသိနဲ့ကိုယ် နှာခေါင်းစည်း တပ်ကြဖို့ အကြံပြုထားပေမယ့် သမ္မတ ဒေါ်နယ် ထရမ့်က သူကတော့ နှာခေါင်းစည်း တပ်မှာ မဟုတ်ဘူးလို့ ဧပြီလ ၃ ရက်နေ့က ပြောလိုက်ပါတယ်။

နှာခေါင်းစည်းနဲ့ ပတ်သက်လို့ လုပ်ရမှာက ကိုယ့်ဆန္ဒအလျောက် ဖြစ်ကြောင်း၊ တပ်ချင်လည်းတပ်၊ မတပ်ချင်လည်း နေနိုင်ကြောင်း၊ သူကတော့ မတပ်ဖို့ ရွေးချယ်ကြောင်း၊ တချို့က တပ်ချင်ကြတယ်ဆိုရင်လည်း အဆင်ပြေပါကြောင်း သမ္မတ ထရမ့်က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

နှာခေါင်းစည်း မတပ်ရခြင်း အကြောင်းရင်းက ဘာလဲလို့ မေးတဲ့အခါ သမ္မတ ထရမ့်က သူဟာ သမ္မတတွေ၊ ဝန်ကြီးချုပ်တွေ၊ အာဏာရှင်တွေ၊ ဘုရင်တွေ၊ မိဖုရားတွေနဲ့ ပြောဆိုနှုတ်ဆက်ရကြောင်း၊ ဒါကြောင့် သူ နှာခေါင်းစည်း မတပ်လိုကြောင်း ဖြေခဲ့ပါတယ်။

ဧပြီလ ၄ ရက်နေ့ မနက်ပိုင်းအထိ အမေရိကန်ပြည်ထောင်စု၊ နယူးယောက်တစ်ခုတည်းမှာ သေဆုံးသူ ၁၈၆၇ ဦးရှိပြီး တစ်နိုင်ငံလုံးမှာ ကူးစက်သူ ၂၇၇၉၅၃ ဦး ရရှိနေပါတယ်။ နယူယောက်မြို့မှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူသေနှုန်းဟာ 9/11 အကြမ်းဖက် တိုက်ခိုက်ခံရမှုတုန်းက လူသေဆုံးမှုကို ကျော်သွားပြီလို့ သတင်းတွေက ရေးသားကြပါတယ်။

>>>>>>>>>>>>>>>>>>>>>>>>>>>

(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)