အကျင့်ပျက်ခြစားမှု စွဲချက်နဲ့ ပြည်ထဲရေးဝန်ကြီးကို သမ္မတဒူတာတေး ဖယ်ရှား

0
317

အကျင့်ပျက်ခြစားမှုတွေကို လုံးဝသီးခံမှာ မဟုတ်ဘူးလို့ ကြွေးကြော်ခဲ့ပြီး မကြာခင်မှာ နောက်ထပ် အစိုးရ၀န်ထမ်းတစ်ဦးကို အလုပ်ထုတ်ပစ်မယ်လို့ မကြာသေးခင်ကမှ ပြောဆိုခဲ့တဲ့ အသက် ၇၂နှစ်အရွယ် ဖိလစ်ပိုင်သမ္မတ ဒူတာတေးဟာ ပြည်ထဲရေးဝန်ကြီးကို အကျင့်ပျက်ခြစားမှုစွပ်စွဲချက်နဲ့ အယုံအကြည်ကင်းမဲ့မှု အကျိုးဆက်အဖြစ် အလုပ်တာဝန်ကနေ ဖယ်ရှားလိုက်ပါတယ်။

စီးပွားရေးဖွံ့ဖြိုးမှုအတွက် မှုးယစ်ဆေး၊ ရာဇ၀တ်မှုနဲ့ အကျင့်ပျက်ခြစားမှုတွေကို ချေမှုန်းရမယ်ဆိုတဲ့ လမ်းစဉ်နဲ့
မစ္စတာဒူတာတေး အာဏာရရှိလာခဲ့ပါတယ်။ သမ္မတဒူတာတေးဟာ ဒါဇင်နဲ့ချီတဲ့ ဗျုရိုကရက်အရာရှိတွေကို ဖယ်ရှားခဲ့ပါတယ်။

သမ္မတပြောရေးဆိုခွင့်ရှိသူ အာနက်စမိုအဲဘယ်လာရဲ့ပြောကြားချက်အရ ပြည်ထဲရေးဝန်ကြီးဖြစ်သလို ဒေသဆိုင်ရာ အစိုးရအဖွဲ့ အတွင်းရေးမှူးလည်းဖြစ်တဲ့ မစ္စတာအစ္စမေးလ်ဆူနိုလ်ကို အလုပ်ထုတ်လိုက်ပါတယ်။

တရားရေးဝန်ကြီး ဗီတဲလ်လီယာနိုအာဂွီရီကလည်း အဆိုပါသတင်းကို အတည်ပြုပြောဆိုခဲ့ပေမယ့် သမ္မတရဲ့ ဆုံးဖြတ်ချက်နဲ့ပတ် သက်ပြီး အကြောင်းပြချက်အသေးစိတ်ကို မပေးခဲ့ပါဘူး။

တကယ်တော့ မစ္စတာဆူနိုလ်ဟာ သမ္မတဒူတာတေးရဲ့မဲဆွယ်စည်းရုံးရေးကာလတွေမှာ လူပေါင်း နှစ်သိန်းခန့် တက်ရောက်ခဲ့တဲ့ လူထုစုဝေးပွဲတွေကို စီစဉ်ဆောင်ရွက် ပေးခဲ့သူဖြစ်ပါတယ်။ ဆူနိုလ်ရဲ့လက်ထောက်သုံးဦးက ၀န်ကြီးဆူနိုလ်ရဲ့လုပ်ဆောင်ချက် တွေနဲ့ ပတ်သက်ပြီး သမ္မတဒူတာတေးထံ ရေးသားတိုင်းတန်း ခဲ့ကြတာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)