အာန္တာတိကတိုက်ကို တစ်ကိုယ်တော် ပတ်မယ့် အမျိုးသမီးရဲ့ ခရီးရပ်ဆိုင်း

0
307

ရေခဲဖုံးလွှမ်းနေတဲ့ အာန္တာတိကတိုက်ကို ပတ်ပြီး ရွက်လှေနဲ့ တစ်ကိုယ်တော်ရွက်လွှင့်နိုင်တဲ့ စံချိန်ကို တင်ဖို့ကြိုးစားခဲ့တဲ့ သြစတြေးလျ အမျိုးသမီးရဲ့ခရီးစဉ် မဖြစ်မနေ ရပ်ဆိုင်းလိုက်ရပါတယ်။

သူမဟာ ပင်လယ်ပြင်အတွင်း နှစ်လခန့်ရွက်လွှင့်ခဲပြီး တဲ့နောက်မှာ ဒီကနေ့ ဧပြီလ ၄ ရက်နေ့ ရာသီဥတုအခြေအနေက ဆိုးရွားလွန်းတာကြောင့် ခရီးစဉ်ကို အခုလိုရပ်ဆိုင်းခဲ့တာဖြစ်ပါတယ်။

အဆိုပါ စွန့်စားရွက်လွှင့်သူ အမျိုးသမီး လီဆာဘလဲလ်ဟာ ပင်လယ်ပြင်မှာ တစ်ကိုယ်တော် ၇၂ ရက်တိုင်တိုင် မရပ်မနား ရွက်လွှင့်ခဲ့ပြီး ရေမိုင် တစ်သောင်းလေးထောင်အထိ ခရီးပေါက်ခဲ့ပြီ ဖြစ်ပါတယ်။ သူမဟာ ယခင်ရုရှားအမျိုးသား ဖီဒေါကွန်ယုနော့ဗ် တင်ခဲ့တဲ့စံချိန်ကို ချိုးဖို့ကြိုးစားခဲ့တာဖြစ်ပါတယ်။

ဖီဒေါဟာ အေးစက်နေတဲ့ ရာသီဥတု၊ ပြင်းထန်တဲ့ မုန်တိုင်းတွေနဲ့ ရေခဲတောင် အဖျားပိုင်းတွေနဲ့ ၀င်တိုက်မိမယ့် အန္တရာယ်တွေကို အံတုပြီး ၁၀၂ ရက်၊ ၃၅မိနစ်၊ ၅၀စက္ကန့်နဲ့ အာန္တာတိကတိုက်ကို ပတ်ခဲ့တာ ဖြစ်ပါတယ်။

ဒါပေမဲ့ ရာသီဥတုအခြေအနေက ဆိုးရွားလွန်းတာကြောင့် လီဆာဟာ စံချိန်သစ်တင်မယ့် စိတ်ကူးကို လက်လျော့ခဲ့ရတာ ဖြစ်ပါ တယ်။ ၇၂ ရက်အတွင်းမှာ ခရီးပေါက်ခဲ့တဲ့ အကွာအဝေးကြောင့် စံချိန်သစ် တင်နိုင်မယ့် အနေအထားဖြစ်နေရာကနေ အခုလို လက်လျော့လိုက်ရတာကြောင့် လီဆာအနေနဲ့ အင်မတန် စိတ်ပျက်လက်ပျက် ဖြစ်ခဲ့ရကြောင်း သူမရဲ့ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ပြောပြခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)