ၾသစေၾတးလ် ဆိပ်ကမ်းမှာ စိတ်တုန်လှုပ်စရာ လှေတစင်း ဖမ်းမိ

0
292

သြစတြေးလျဆိပ်ကမ်းက အကောက်ခွန် အရာရှိတွေဟာ ဥရောပမြောက်ပိုင်း လိပ်စာနဲ့ ပို့လိုက်တဲ့ သင်္ဘောပေါ်က ဖိနပ်သေတ္တာ နှစ်လုံးထဲမှာ အဆိပ်ပြင်းတဲ့မြွေတွေ၊ နိုင်ငံခြားတိုင်းပြည်က ပင့်ကူနဲ့ ကင်းမြီးကောက်တွေကို ဖမ်းဆီးမိခဲ့ပါတယ်။

အဆိုပါဖိနပ်သေတ္တာလို့ အမည်တပ်ထားတဲ့ သေတ္တာနှစ်လုံးကို ပြီးခဲ့တဲ့လက မဲလ်ဘုန်းမြို့မှာ မိခဲ့တာဖြစ်ပါတယ်။ သေတ္တာအတွင်း မှာတော့ အရှေ့တောင်အာရှဒေသမှာ ကျက်စားတဲ့ မြွေပွေးနှစ်ကောင်၊ စပါးကြီးမြွေသုံးကောင်၊ မက္ကဆီကို၊ ဘရားဇီးနဲ့ ကိုလံဘီယာ နိုင်ငံတွေမှာ ကျက်စားတဲ့ ပင့်ကူကြီးမျိုး ကိုးကောင်နဲ့ အာရှဒေသက တောကင်းမြီးကောက်ကြီး တစ်ကောင်တို့ပါဝင်နေတာကို တွေ့လိုက်ရတာဖြစ်ပါတယ်။

သြစတေးလျှနယ်စပ်ရဲအရာရှိတွေက “ စိတ်တုန်လှုပ်စရာကုန်တင်သင်္ဘော” ဆိုတဲ့ခေါင်းစဉ်နဲ့ ယနေ့ ဧပြီလ ၄ ရက်နေ့မှာ ထုတ် ပြန်ချက်တစ်ရပ်ဖော်ပြခဲ့ပါတယ်။ အဆိုပါဖော်ပြချက်မှာ ဒီပြဿနာဟာ ဇီဝလုံခြုံရေး ရှုထောင့်ကနေ ကြည့်မယ်ဆိုရင် အန္တရာယ် ကြီးမားနေကြောင်း ရေးသားခဲ့ကြပြီး သြစတြေးလျမှာ မရှိတဲ့ ပိုးမွှားကောင်တွေနဲ့ ရောဂါတွေကို ဒီသတ္တ၀ါတွေက သယ်ဆောင် လာနိုင်ကြောင်း ဖော်ပြခဲ့ပါတယ်။

အဆိုပါ သေတ္တာနှစ်လုံးနဲ့ပတ်သက်ပြီး စုံစမ်းဖော်ထုတ်မှုတွေ ဆက်လက်ပြုလုပ်နေဆဲ ဖြစ်ပြီး၊ တောရိုင်း သတ္တ၀ါတွေဖြစ်လို့ အိမ်မွေးတိရိစ္ဆာန်အနေနဲ့ မှောင်ခိုဈေးကွက်ကို ပို့ဖို့ ရည်ရွယ်တာ ဖြစ်နိုင်တယ်လို့ အာဏာပိုင်တွေက ယူဆထားကြပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)