စိန့်ပီတာစဘတ် ဗုံးခွဲသူ ကာဇက်စတန်နိုင်ငံက ဖြစ်

0
330

မနေ့က မတ်လ ၃ ရက်နေ့မှာ ဖြစ်ပွားခဲ့တဲ့ ရုရှားနိုင်ငံ၊ စိန့်ပီတာစဘတ်မြို့၊ မြေအောက် ရထားဘူတာရုံ ဗုံးခွဲမှု သံသယရှိသူဟာ ကာဇက်စတန် ဖွား ရုရှားလူမျိုး ဖြစ်တယ်လို့ ထောက်လှမ်းရေးအဖွဲ့တွေက ပြောဆိုလိုက်ပါတယ်။

ရုရှားနိုင်ငံရဲ့ ဒုတိယ အကြီးဆုံးမြို့တော် စိန့်ပီတာစဘတ် မြေအောက်ရထား ဘူတာရုံ ဗုံးကွဲမှုမှာ အနည်းဆုံး ၁၁ ဦးသေဆုံးပြီး ၄၀ ကျော် ဒဏ်ရာ ရပါတယ်။ ဘယ်သူ့လက်ချက်ဖြစ်တယ် ဆိုတာ ကြေညာတာမျိုး မရှိသေးပါဘူး။

ကာဇက်စတန် အမျိုးသားလုံခြုံရေး ကော်မတီက ဗုံးခွဲသူဟာ ကာဇက်စတန်ဖွား ရုရှားလူမျိုးဖြစ်တယ်လို့ ကြေညာပြီး ကာဇက်စတန် ထောက်လှမ်းရေး တပ်ဖွဲ့ကလည်း ရုရှားအာဏာပိုင်တွေနဲ့ ပူးပေါင်း စုံစမ်းစစ်ဆေးမယ်လို့ ကြေညာပါတယ်။

အသေခံ ဗုံးခွဲမှုလား၊ ဗုံးသမား လွတ်သွားတာလား ဆိုတာကိုတော့ ရုရှားရော ကာဇက်စတန်ကပါ ထုတ်ပြန်ခြင်း မရှိပါဘူး။

ဗုံးပေါက်ပြီး ၂ နာရီအကြာမှာ အာဏာပိုင်တွေဟာ တခြား လူစည်ကားတဲ့ ဘူတာရုံတစ်ခုမှာ ထောင်ထားတဲ့ ဗုံးကိုလည်း ထပ်မံ တွေ့ရှိခဲ့ပါတယ်။ လောလောဆယ်မှာ စိန့်ပီတာစဘတ်ရှိ မြေအောက်ရထား ဘူတာရုံ အားလုံးကို ပိတ်ထားပြီး ခရီးသည်တွေကို ရွှေ့ပြောင်း ပေးနေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)