အမျိုးသမီးတွေ ဘယ်လို စွမ်းဆောင်နိုင်တယ်ဆိုတာ ဆော်ဒီအာရေဘီးယား ခရီးစဉ်မှာ ပြမယ်လို့ ထရီဆာ မေ ပြော

0
359

အမျိုးသမီးတစ်ယောက် အနေနဲ့ ဗြိတိန်မှာတောင် ဘယ်လို စွမ်းဆောင်နိုင်တယ်ဆိုတာ ဆော်ဒီ အာရေဘီးယား ခရီးစဉ်မှာ ပြသဖို့ မျှော်လင့်တယ်လို့ ဗြိတိသျှ ဝန်ကြီးချုပ် ထရီဆာ မေက ပြောဆိုလိုက်ပါတယ်။

၂၉၈၀ ခုနှစ်များက ဗြိတိသျှ ဝန်ကြီးချုပ် မာဂရက် သက်ချာပြီးရင် ထရီဆာ မေက ဆော်ဒီ အာရေဘီးယားကို ဒုတိယမြောက် လာရောက်တဲ့ အမျိုးသမီး ဝန်ကြီးချုပ် ဖြစ်ပါတယ်။ ထရီဆာ မေဟာ ကုန်သွယ်ရေး၊ လုံခြုံရေးတွေ ဆွေးနွေးမှာ ဖြစ်ပါတယ်။

ဆော်ဒီ အာရေဘီးယား ဝန်ကြီးအဖွဲ့ဝင် အမျိုးသမီး အနည်းငယ်ထဲက တစ်ဦးနဲ့လည်း တွေ့ဆုံမှာ ဖြစ်ပါတယ်။

ဆော်ဒီ အာရေဘီးယားမှာ အမျိုးသမီးတွေကို ကားမောင်းခွင့် မပေးသလို လက်ထပ်ဖို့မှာလည်း ဆွေမျိုးထဲက အဖ၊ ဦးလေး၊ အစ်ကို စသူတို့ရဲ့ အုပ်ထိန်းသူ ခွင့်ပြုချက် လိုပါတယ်။ ဝန်ကြီးချုပ် ထရီဆာ မေ ဟာ အရှေ့အလယ်ပိုင်း ဒေသကို သုံးရက်ကြာ ခရီးစဉ်အဖြစ် ရောက်ရှိနေတာပါ။ မနေ့က ဂျော်ဒန်ကို သွားရောက်ခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)