အမေရိကန် သမ္မတ ကတော် First Lady ရဲ့ တရားဝင် ဓာတ်ပုံ ထုတ်ပြန်

0
296

အမေရိကန် သမ္မတ ဒေါ်နယ် ထရမ့်ရဲ့ ဇနီး မယ်လနီယာ ထရမ့် ဓာတ်ပုံကို သမ္မတ အိမ်ဖြူတော်က တရားဝင် ထုတ်ပြန်လိုက်ပြီး ဓာတ်ပုံအပေါ် ဝေဖန်မှု အမျိုးမျိုး ရှိပါတယ်။

 

လက်ပိုက်ပြီး အင်္ကျီလက်ရှည် အနက်၊ လည်စည်းအနက်နဲ့ ဓာတ်ပုံ ဖြစ်ပါတယ်။ ဘယ်ဘက်လက်မှာ ကြီးမားတဲ့ စိန်ပွင့်တပွင့် ဝတ်ထားပြီး ညာဘက်လက်မှာလည်း လက်စွပ်တစ်ကွင်း ဝတ်ထားပါတယ်။ ဓာတ်ပုံကို ထရမ်း မိသားစု သုံးနေကျ ဓာတ်ပုံဆရာ ဘယ်လ်ဂျီယံနိုင်ငံဖွား ရစ်ဂ်နီ မာဟက်ဇ် (Regine Mahaux) က ရိုက်ပေးထားတာပါ။

သမ္မတ ကတော် First Lady ရဲ့ အခန်းကဏ္ဍကို ဂုဏ်ယူစွာ ထမ်းဆောင်ပါမယ်၊ လာမယ့်နှစ်တွေမှာ အမေရိကန် လူထုကိုယ်စား အလုပ်တွေကို လုပ်ပါမယ်လို့လည်း ကြေညာချက် အတိုကို ဓာတ်ပုံနဲ့ အတူ ထုတ်ပြန်ထားပါတယ်။

တချို့က အလွန်လှပြီး ကျက်သရေရှိတယ်လို့ ချီးမွမ်းကြသလို တချို့ကလည်း ဓာတ်ပုံကို အလွန်အကျွံ ပြင်ထာတယ်၊ နောက်ခံ ဘက်ဂရောင်းအရ အိမ်ဖြူတော် ဟုတ်လို့လားလို့လည်း ဝေဖန်ကြတာ ရှိပါတယ်။

သမ္မတ ကတော် မယ်လနီယာ ထရမ့်ဟာ အသက် ၄၆ နှစ်ရှိပြီ ဖြစ်ပြီး ပရိတ်သတ်ရှေ့မှာ သိပ် ထွက်လေ့ မရှိသူ ဖြစ်ပါတယ်။

သမ္မတ ကတော် ဓာတ်ပုံကို ဝေဖန်တာ ဒါ ပထမဆုံးအကြိမ်တော့ မဟုတ်ပါဘူး။ သမ္မတကတော် မစ်ရှဲ အိုဘားမားရဲ့ တရားဝင်ပုံကို ၂၀၀၉ မှာ ထုတ်ပြန်စဉ်ကလည်း ဝေဖန်မှုတွေ ရှိခဲ့ပါတယ်။ အင်္ကျီလက်ပြတ် ဝတ်ထားတာကို ဝေဖန်ကြတာ ဖြစ်ပြီး ဒါဟာ အစဉ်အလာ မဟုတ်ဘူးလို့ ပြောခဲ့ကြပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)