မြန်မာပြည်ကနေ ခိုးဝင်လာတယ်လို့ ယူဆရတဲ့ မွတ်စလင် ၁ သောင်းကျော်ကို အိန္ဒိယ နယ်နှင်မယ်

0
291

အိန္ဒိယနိုင်ငံ၊ ဂျမူးနဲ့ ကက်ရှ်မီးယား ပြည်နယ်ထဲမှာ မြန်မာပြည်က ဝင်ရောက်လာတယ်လို့ ယူဆရတဲ့ မွတ်စလင် ၁ သောင်းကျော် စိစစ်ရှာဖွေဖို့နဲ့ နယ်နှင်ဖို့ နည်းလမ်းတွေ ရှာနေပြီ ဖြစ်ပါတယ်။

ရိုဟင်ဂျာလို့ သူတို့ကိုယ် သူတို့ အမည်တပ်ထားတဲ့ မွတ်စလင်တွေဟာ အိန္ဒိယ-ဘင်္ဂလားဒေ့ရှ် နယ်စပ်၊ အိန္ဒိယ-မြန်မာ နယ်စပ်နဲ့ ဘင်္ဂလားပင်လယ်အော်ကို ဖြတ်ပြီး ဝင်လာကြသူတွေဖြစ်ကာ ဂျမူးနဲ့ ဆမ်ဘာ ဒိစတြိတ်တွေမှ တရားမဝင် နေထိုင်နေကြတာ ဖြစ်ပါတယ်။ သူတို့ကို နိုင်ငံခြားသား ဥပဒေနဲ့ နယ်နှင်ဖို့ နည်းလမ်းရှာနေတာ ဖြစ်ပါတယ်။

ဒီနယ်နှင်ရေးနဲ့ ပတ်သက်လို့ ပြည်ထောင်စု ပြည်ထဲရေးဝန်ကြီး ရာဂျစ် မေရီရှီ၊ ဂျမူးနဲ့ ကက်ရှ်မီးယား ဝန်ကြီးချုပ် ဘာရတ်ဂ်ျ ရပ်ဂ်ျ ရှာမာနဲ့ ရဲညွှန်ချုပ် အက်စ် ပီ ဗာအစ်တို့ အဆင့်မြင့် အစည်းအဝေး ထိုင်ခဲ့ကြပါတယ်။

အိန္ဒိယ နိုင်ငံတဝန်း တရားမဝင် ဝင်ရောက်ပြီး နေထိုင်နေတဲ့ မွတ်စလင် ၄ သိန်းလောက် ရှိမယ်လို့ ခန့်မှန်းထားပါတယ်။ တချို့က ကုလသမဂ္ဂမှာ ဒုက္ခသည် မှတ်ပုံတင်ထားပေမယ့် အိန္ဒိယ အစိုးရက သူတို့ကို အသိအမှတ်မပြုပါဘူး။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)