အိုင်ဖုန်း အတုတွေ ထိုင်း-မြန်မာ နယ်စပ်မှာ ဖမ်းမိ

0
309

ထိုင်း-မြန်မာ နယ်စပ် မဲဆောက်မြို့မှာ မနေ့က မတ်လ ၃ ရက်နေ့မှာ အိုင်ဖုန်းအတု အလုံး ၁၀၀ ခန့်နဲ့ အိုင်ဖုန်းဘူးခွံ အလွတ် ၁ ထောင်ကျော် ဖမ်းမိခဲ့ပါတယ်။

သယ်ဆောင်လာတဲ့ ပစ်ကပ်ကားမောင်းသမား အသက် ၄၆ နှစ်အရွယ် ဂျန်ရာ ဒီးမက်ခ် ကို ရဲ၊ စစ်တပ်နဲ့ အကောက်ခွန်တို့က ဖမ်းဆီးလိုက်ပါတယ်။

တာ့ခ်-မဲဆောက် လမ်းမကြီးပေါ်မှာ မနေ့က ညနေ ၅ နာရီလောက်မှာ ဘန်ကောက် မှတ်ပုံတင်ထားတဲ့ အဲဒီကားကို ရပ်တန့်စေပြီး ရှာဖွေရာမှာ ဖမ်းဆီးမိတာ ဖြစ်ပါတယ်။

ဖမ်းဆီးမိတဲ့ အိုင်ဖုန်း အတုတွေဟာ တရုတ်က လုပ်တာ ဖြစ်ပြီး အများစုက 4S နဲ့ 6S စီးရီးတွေ ဖြစ်ပါတယ်။ ဒီ အိုင်ဖုန်း အတုတွေကို မြန်မာပြည်ကနေ ခိုးသွင်းလာတာ ဖြစ်ပြီး ထိုင်းနိုင်ငံ၊ မဲဆောက်ကနေ တဆင့် ဘန်ကောက်ကို ပို့မယ်လို့ အာဏာပိုင်တွေက ယူဆထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)