စိန့်ပီတာစဘတ် မြေအောက်ရထား ပေါက်ကွဲမှု ၁၁ ဦး သေဆုံး

0
289

ရုရှားနိုင်ငံ၊ စိန့်ပီတာစဘတ်မြို့ရှိ မြေအောက်ရထား ဘူတာရုံထဲက ရထားတွဲ နှစ်ခု မနေ့က ဧပြီ ၃ ရက်နေ့မှာ ပေါက်ကွဲမှုဖြစ်ပြီး အနည်းဆုံး ၁၁ ဦး သေဆုံးခဲ့ပါတယ်။

ပေါက်ကွဲမှု ဖြစ်ပြီးနောက် မီးရထား ဘူတာရုံ သုံးခုကိုလည်း ပိတ်ထားခဲ့ပြီး ရုရှားသမ္မတ ဗလာဒီမာ ပူတင်ကတော့ ပေါက်ကွဲမှု ဖြစ်ပွားရတဲ့ အကြောင်းရင်းကို မသိသေးဘဲ စုံစမ်းဖော်ထုတ်ဆဲ ဖြစ်တယ်လို့ ပြောပါတယ်။

၂၀၁၀ ပြည့်နှစ်တုန်းကလည်း အမျိုးသမီး အသေခံဗုံးခွဲသမား နှစ်ဦးက မော်စကပိုရှိ မီးရထားဘူတာရုံကို တိုက်ခိုက်ခဲ့ဖူးပြီး ၃၈ ဦး သေဆုံးခဲ့ပါတယ်။ ချေချင်း သူပုန်တွေကလည်း ပြီးခဲ့တဲ့ နှစ်တွေမှာ ရုရှားကို တိုက်ခိုက်မှုတွေ မကြာခဏ ပြုလုပ်ခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)