အန္တရာယ်များလှတဲ့ ကလေးသူငယ် လက်ထပ်ခွင့်ဥပဒေ ဘင်္ဂလားဒေ့ရှ်မှာ ပြဌာန်း

0
259

ကမ္ဘာတလွှားမှာ နေ့စဉ် ဥပဒေတွေ ပြဌာန်းနေကြပေမယ့် မိန်းကလေးငယ် သန်း ၃၀ ရဲ့ ဘဝအပေါ် ဆိုးကျိုးသက်ရောက်စေမယ့် ဥပဒေသစ်မျိုးတော့ မရှိနိုင်ပါဘူး။ ဘင်္ဂလားဒေ့ရှ် အစိုးရဟာ အထူးအခြေအနေတရပ် ဆိုတဲ့ စကားရပ်အောက်မှာ ကလေးသူငယ် လက်ထပ်ခွင့် ဥပဒေကို ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှာ ပြဌာန်းခွင့် ပြုလိုက်ပါတယ်။

ဒီဥပဒေဟာ မမှန်းဆနိုင်တဲ့ ဆိုးကျိုးသက်ရောက်မှုတွေ ဖြစ်ပေါ်စေနိုင်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ သန်းနဲ့ချီတဲ့ မိန်းကလေးတွေရဲ့ အနာဂတ်ကို ပြောင်းလဲပစ်လိမ့်မှာ ဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ် အစိုးရအနေနဲ့ ဥပဒေအရ လက်ထပ်ခွင့်ပြုတဲ့ အသက်အရွယ်ကို မိန်းကလေး ၁၆ နှစ်၊ ယောက်ျားလေး ၂၁ လို့ ဆိုပေမယ့် ဥပဒေသစ်ရဲ့ အထူးအခြေအနေတရပ် ဆိုတဲ့ စကားနဲ့ မိဘတွေက သဘောတူရင် တရားရုံးရဲ့ ခွင့်ပြုချက်နဲ့ အသက်မပြည့်သေးသူ မိန်းကလေး၊ ယောက်ျားလေးတွေကို လက်ထပ်ခွင့် ပြုထားပါတယ်။

ဒီ အထူးအခြေအနေ တရပ်ဆိုတာကို ရှင်းလင်းစွာ ဖွင့်ဆိုမထားသလို အဲဒီလို လက်ထပ်မှုအတွက် အသက်မပြည့်သူ ကလေးသူငယ်ရဲ့ သဘောတူညီချက်၊ ခွင့်ပြုချက် မလိုပါဘူး။

ဘင်္ဂလားဒေ့ရှ်ဟာ ကမ္ဘာပေါ်မှာရော၊ တောင်အာရှမှာပါ ကလေးသူငယ်အရွယ် လက်ထပ်မှု အမြင့်ဆုံး နိုင်ငံဖြစ်ပါတယ်။ ဘင်္ဂလားဒေ့ရှ်မှာ အသက်မပြည့်သေးဘဲ အိမ်ထောင်ပြုရတဲ့ မိန်းကလေး အရေအတွက်ဟာ ၂၀၀၀ ပြည့်နှစ်တုန်းကဆို ၆၅ ရာခိုင်နှုန်း အထိတောင် ရှိပါတယ်။ ၂၀၁၄ ခုနှစ်က အစီရင်ခံစာတခုမှာ ဘင်္ဂလားဒေ့ရှ် မိန်းကလေးငယ် ၂ ရာခိုင်ဟာ ၁၁ မပြည့်ခင် အိမ်ထောင်ချပေးထားခြင်း ခံရတယ်လို့ ဆိုပါတယ်။

အဲဒီလို အသက်မပြည့်ဘဲ အိမ်ထောင်ပြုနေကြတာရဲ့ အဓိက ပြဿနာဟာ ပညာမတတ်မှုလို့ ကမ္ဘာလုံးဆိုင်ရာ ကလေးသူငယ် အခွင့်အရေးအဖွဲ့၊ ဘင်္ဂလားဒေ့ရှ်ဆိုင်ရာ ဒါရိုက်တာ ဆိုမြာ ဂူဟာက ထောက်ပြထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)