မိမိသာ အင်္ဂလန်ဘုရင်ကြီး ဖြစ်ကြောင်း အမေရိကန်တစ်ဦး ပြောဆို

0
261

အဲလန်အီဗန် (Allan V. Evans) ဆိုသူ အမေရိကန်တစ်ဦးက သူကသာ အင်္ဂလန်ရဲ့ အစစ်အမှန် ဘုရင်ဖြစ်ကြောင်း သတင်းစာထဲ မှာ ကြော်ငြာ ထည့်ခဲ့ပါတယ်။

အမေရိကန်နိုင်ငံ၊ ကော်လိုရာဒိုပြည်နယ်မှာ နေထိုင်တဲ့ အဲလန်အီဗန်က မိမိသာ အင်္ဂလန်ဘုရင်အစစ်ဖြစ်ကြောင်း ဗြိတိသျှ လူမျိုးတွေကို အသိပေးတဲ့အနေနဲ့ (Times of London) သတင်းစာမှာ ကြော်ငြာအကြီးကြီး ထည့်ခဲ့တာဖြစ်ပါတယ်။

အဲလန်က ဂရိတ်ဗြိတိန်ကို ၃ ရာစုထဲက စိုးစံလာခဲ့တဲ့ မင်းဆက်ရဲ့မျိုးဆက်ကနေ တိုက်ရိုက်ဆင်းသက်လာသူဖြစ်ကြောင်း ကြေညာခဲ့တာပါ။ သူ့ရဲ့ကြီးကြီးကျယ်ကျယ် ပြောဆိုမှုကို သက်သေခံတဲ့ အနေနဲ့ အဲလန်က ဘာကင်ဟမ်နန်းတော်ရဲ့ ဆောင်းရာသီဥယျာဉ်မှာ ပါတီ ပွဲပြုလုပ်ခွင့်ပေး သင့်ကြောင်း၊ သူ့ရဲ့ဘိုးဘေးတွေထဲမှာ ဝေးလ်တိုင်းပြည်ကို ထူထောင်ခဲ့တဲ့ ကူနီဒါဝလီဒစ်ဂ်အပါအ၀င်ဖြစ်ကြောင်းလည်း ဆက်လက်ပြောဆို ခဲ့ပါသေးတယ်။

သူရဲ့ပြောဆိုမှုက ခမ်းနားလွန်းနေပြီး လက်ရှိအင်္ဂလန်ထီးနန်းကို ဆက်ခံနေတဲ့ ၀င်ဆာ မိသားစုတွေတောင် မိသားစုဆက်နွယ်မှုကို ၂၀ ရာစုနီးပါး လောက်အထိပဲ နောက်ကြောင်းပြန် ခြေရာခံနိုင်ခဲ့တာဖြစ်ပါတယ်။

ဒါပေမဲ့ လက်ရှိဘုရင်မကြီး အဲလ်လိစဘတ်အနေနဲ့ သူ့ကို တိုက်ရိုက်လွှဲပြောင်းပေး စရာမလိုကြောင်း အဲလန်ကပြောပါတယ်။ ဘုရင်မကြီး ကွယ်လွန်ပြီး တစ်လအကြာအထိ သူ့အနေနဲ့ဘယ်လိုလှုပ်ရှားမှုမှ ပြုလုပ်မှာမဟုတ်ဘူးလို့ သူကပြောဆိုခဲ့တာပါ။ အဲဒီ နောက်ပိုင်းမှာတော့ တော်ဝင်ထီးနန်းနဲ့ ပတ်သက်ပြီး ရသင့်တဲ့ဘွဲ့တွေ၊ ပိုင်ဆိုင်မှုတွေအားလုံးကို ရယူဖို့ကြိုးစားသွားမှာဖြစ်ကြောင်း အဲလန်အီဗန်က ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)