စစ်အသုံးစရိတ် ၇ ရာခိုင်နှုန်း တရုတ် ထပ်မံတိုးမြှင့်

0
306

ယခုနှစ်အတွင်းမှာပဲ စစ်အသုံးစရိတ်ကို ၇ ရာခိုင်နှုန်း ထပ်မံ တိုးမြှင့်သွားမယ်လို့ တရုတ်အစိုးရက
ပြောဆိုလိုက်ပါတယ်။ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က အမေရိကန်စစ်တပ်ရဲ့
ကာကွယ်ရေး အသုံးစရိတ်ကို ၂၀၁၈ ခုနှစ်မှာ ၁၀ ရာခိုင်းနှုန်းအထိ တိုးမြှင့်ဖို့ ပြောဆိုလိုက်ပြီး နောက်တစ်ရက်မှာပဲ တရုတ်အစိုးရက အခုလို ထုတ်ပြန်လိုက်တာပါ။

ဒီကြေညာချက်ကို တရုတ် အမျိုးသား ပြည်သူ့ကွန်ဂရက်က ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။
တရုတ်ရဲ့ ကာကွယ်ရေး အသုံးစရိတ် မြှင့်တင်မှုဟာ အာရှဒေသအတွင်း တည်ငြိမ်အေးချမ်းရေး
အတွက်သာ ဖြစ်တယ်လို့ တရုတ်အစိုးရရဲ့ ပြောရေးဆိုခွင့်ရှိသူ ဖူရင်းက ပြောပါတယ်။

ငြိမ်းချမ်းစွာ ဖြေရှင်းတဲ့နည်းလမ်းကိုသာ အလိုရှိပေမယ့် မိမိရဲ့ အချုပ်အခြာ အာဏာကို ကာကွယ်ဖို့ အတွက် အင်အားရှိနေဖို့ လိုအပ်တယ်လို့လည်း သူက ဆိုပါတယ်။

တရုတ်နိုင်ငံဟာ စီးပွားရေးအရ အင်အားကြီးလာတာနဲ့အမျှ သူ့ရဲ့စစ်တပ်ကိုလည်း အမြန်ဆုံး
ခေတ်မီလာအောင် ပြုပြင်ပြောင်းလဲနေပါတယ်။ တရုတ်အစိုးရ အနေနဲ့ လက်ရှိမှာ သူ့ရဲ့စစ်တပ်ကို အဆင့်မြှင့်တင်မှုတွေ ပြုလုပ်နေပေမယ့် ကာကွယ်ရေး အသုံးစရိတ်ဟာ အမေရိကန်အစိုးရရဲ့ စစ်အသုံးစရိတ်ထက် အများကြီး လျော့နည်းနေပါသေးတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)