တစ်လကြာ ဖမ်းဆီး ထိန်းသိမ်းထားတဲ့ ထိုင်ဝမ် ငါးဖမ်းသင်္ဘောကို မြန်မာ ပြန်လွှတ်ပေး

0
337

တရားမဝင် ငါးခိုးဖမ်းတယ်ဆိုပြီး မြန်မာအာဏာပိုင်တွေက တစ်လကြာ ဖမ်းဆီးထိန်းသိမ်းထားတဲ့ ထိုင်ဝမ် ငါးဖမ်းသင်္ဘောကို ဖေဖော်ဝါရီလ ၂၅ ရက်နေ့က ပြန်လွှတ်ပေးလိုက်ပြီ ဖြစ်ပါတယ်။

ပင်တန်မှာ မှတ်ပုံတင်ထားတဲ့ ရှင်ချွန်ဂျိ အမည်ရှိ အဲဒီ ငါးဖမ်းသင်္ဘောမှ ကပ္ပတိန် ဆိုင် ဂျိရှန်က သင်္ဘောဟာ ကော့သောင်းကနေ ထွက်ခွာလာပြီး ထိုင်းနိုင်ငံ၊ ဖူးခက်ကို မတ်လ ၆ ရက်နေ့မှာ ဆိုက်ကပ်နိုင်ဖို့ မျှော်လင့်ကြောင်း CNA သတင်းဌာနကို ဖုန်းနဲ့ ဖြေကြားထားပါတယ်။

အဲဒီ ထိုင်ဝမ် ငါးဖမ်းသင်္ဘောကို ဇန်နဝါရီလ ၂၅ ရက်နေ့ကတည်းက မြန်မာက ဖမ်းဆီး ထိန်းသိမ်းထားတာ ဖြစ်ပါတယ်။ ကပ္ပတိန် ဆိုင် ဂျိရှန်ကတော့ သင်္ဘော ပြန်လွတ်ဖို့ အကူအညီပေးတဲ့ ထိုင်ဝမ်အစိုးရကို ကျေးဇူးတင်ကြောင်း ပြောပါတယ်။ သင်္ဘောမှာ သူနဲ့အတူ သင်္ဘောသား ၉ ဦး ပါပါတယ်။

ကပ္ပတိန် ဆိုင် ဂျိရှန်ကတော့ တရားမဝင် ငါးခိုးဖမ်းတယ်ဆိုတာကို ငြင်းဆိုထားပြီး မြန်မာ စီးပွားရေး ရေပိုင်နက်မှာ သဘောတူထားတဲ့ ကာလအတွင်း အချိန်မီ ငါးဖမ်းနိုင်ဖို့ ကော့သောင်းဆီကို အသွားမှာ အဖမ်းခံရတာလို့ ပြောပါတယ်။ သင်္ဘောနဲ့ သင်္ဘောသားတွေ ပြန်လွတ်ဖို့ အမေရိကန် ဒေါ်လာ ၁ သောင်း ဒဏ်ရိုက်ခံရတယ်လို့ CNA သတင်းက ဖော်ပြပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)