ကင်ဂျုံနန် သေဆုံးမှုမှာ သံသယတရားခံက မလေးရှား အာဏာပိုင် တွေရဲ့ အကွက်ဆင်မှု လို့ပြော

0
260

ကင်ဂျုံနန်သေဆုံးမှုမှာ သံသယတရားခံအနေနဲ့ ဖမ်းဆီးခံခဲ့ရတဲ့ မြောက်ကိုရီးယားနိုင်ငံသားက သူ့ကို မလေးရှားအာဏာပိုင်တွေ ရဲ့လျှို့ဝှက်ကြံစည်ပြီး ဖမ်းဆီးမှုခံခဲ့ရတာဖြစ်ကြောင်း ပြောဆိုလိုက်ပါတယ်။

မြောက်ကိုရီးယားကို သိက္ခာချချင်လို့ အကွက်ဆင်ပြီး ဖမ်းဆီးခဲ့တာဖြစ်ကြောင်း အဆိုပါ မြောက်ကိုရီးယား နိုင်ငံသား ရီဂျောင်ချိုလ် က ပြောခဲ့တာဖြစ်ပါတယ်။

မတ်လ ၃ ရက်နေ့မှာ ပြည်နှင်ဒဏ် အပေးခံရပြီးနောက် ဘေဂျင်းမြို့ရှိ မြောက်ကိုရီးယားသံရုံးပြင်ပမှာ သူက အဲဒီလိုမှတ်ချက်ပေး ပြောဆိုခဲ့တာပါ။
လုံလောက်တဲ့ သက်သေအထောက်အထား မရှိတာကြောင့် ရီဂျောင်ချိုလ်ကို မလေးရှားက လွှတ်ပေးခဲ့တာဖြစ်ပါတယ်။

ယနေ့နံနက် အစောပိုင်းမှာ ရီဂျော်ချိုလ်က မလေးရှား စုံစမ်းစစ်ဆေးသူတွေဟာ ဖြောင့်ချက်ပေးအောင် သူ့ကို အမျိုးမျိုးဆွဲဆောင် ဖြားယောင်းခဲ့ကြကြောင်း သတင်းထောက်တွေကို ပြောပါတယ်။
“ ကျွန်တော့်အနေနဲ့ လက်ခံမယ်ဆိုရင် မလေးရှားမှာ ကောင်းကောင်းနေရမယ်လို့ သူတို့ကပြောပါတယ်၊ ဒါဟာထောင်ချောက်ပဲ ဆိုတာ ကျွန်တော် နားလည်သဘောပေါက်တယ်။ တိုင်းပြည်ရဲ့သိက္ခာချချင်လို့ပါ” လို့ သူက ဆက်လက်ပြောဆိုခဲ့ပါတယ်။

ရီဂျောင်ချိုလ်က သူ့ဟာ ဓါတုဗေဒကျွမ်းကျင်သူ တစ်ဦးဖြစ်ကြောင်း စစ်ဆေးသူတွေကို ၀န်ခံခဲ့ပါတယ်။ ဒါပေမဲ့ မလေးရှားမှာ ဆပ် ပြာလုပ်ဖို့ လိုအပ်တဲ့ပစ္စည်းတွေ တင်သွင်းတာပဲလုပ်တာပါလို့ ပြောဆိုခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)