၈၈ နှစ်အဖွား အိတ်စ်အိုင်ဗွီ ရှိတယ်ပြောလို့ အဓမ္မကျင့်ခံရမယ့် ဘေးက လွတ်

0
308

အမေရိကန်နိုင်ငံ၊ ပင်စ်နီဗန်နီးယားပြည်နယ်က အသက် ၈၈ နှစ်အရွယ် အမျိုးသမီးကြီး တစ်ဦးဟာ အဓမ္မကျင့်ဖို့ ကြိုးစားတဲ့လူကို သူမမှာ အိတ်စ်အိုင်ဗွီပိုး ရှိတယ်လို့ လိမ်ညာပြောလိုက်တာကြောင့် အန္တရာယ်ဖြစ်မယ့်ဘေးက လွတ်မြောက်သွားခဲ့ရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၇ ရက်နေ့က အဆိုပါအမျိုးသမီး ဟဲလ်လင်ရေးနိုးလ်ရဲ့နေအိမ်ကို လူစိမ်းတစ်ဦး ယောက်လာပြီး အနိုင်ကျင့်ဖို့ ကြိုးစားခဲ့ တာဖြစ်ပါတယ်။ ပထမဆုံးသူမရဲ့ပိုက်ဆံအိတ်ထဲက ဒေါ်လာ ၄၀ကို ရှာဖွေရယူပြီးနောက်မှာ ဟဲလ်လင်ကို လိင်ပိုင်းဆိုင် ရာအရ အနိုင်ကျင့်ဖို့ လုပ်ဆောင်ခဲ့ တာဖြစ်ပါတယ်။

ခင်ပွန်းဖြစ်သူက အိတ်စ်အိုင်ဗွီနဲ့ သေခဲ့တာဖြစ်ပြီး သူမမှာလည်း အဲဒီဗိုင်းရပ်စ် ပိုးရှိနေကြောင်း ပြောလိုက်ချိန်မှာ မုဒိမ်းသမားက ရပ်တန့်သွား တာဖြစ်ပါတယ်။ အဖွားဟဲလ်လင်က အဲဒီမုဒိမ်းသမားရဲ့ယောင်္ကျား အင်္ဂါကို ကန်ကြောက်လိုက်ချိန်မှာတော့ ထွက်ပြေးသွားခဲ့ပါတယ်။ ဒီအမှုမှာ မုဒိမ်းသမားကို ဖမ်းမမိခဲ့ကြောင်းလည်း သိရှိရပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)