ဘောလုံးသမားတွေ ဆန္ဒပြလို့ အာဂျင်တီးနား ဘောလုံးပွဲတွေ ရွှေ့ဆိုင်း

0
295

မတ်လ ၃ ရက်နေ့က ဘောလုံးသမားတွေ ဆန္ဒပြတာကို ရပ်ဆိုင်းဖို့ စေ့စပ်ညှိနှိုင်းမှုပြုလုပ်တာ မအောင်မြင်ခဲ့တာကြောင့် အာဂျင်တီးနား ဘောလုံးအဖွဲ့ချုပ်က ဘောလုံးကစားပွဲနှစ်ပွဲကို အချိန်ရွှေ့ဆိုင်း လိုက်ရပါတယ်။

ဘောလုံးကလပ်အများအပြားမှာ ဘဏ္ဍာရေး အကြပ်အတည်းကြောင့် လပေါင်းများစွာကြာတဲ့အထိ လစာငွေ ရှင်းမပေးနိုင်ဖြစ် နေခဲ့တာပါ။ အာဂျင်တီးနား ဘောလုံးသမားသမဂ္ဂက ဘောလုံးသမားတွေ ရသင့်တဲ့လုပ်အားခမရမချင်း ဆန္ဒပြမှုကို မရပ်ဘူးလို့ ပြောဆိုခဲ့ပါ တယ်။

အဆိုပါဆန္ဒပြပွဲမှာ အာဂျင်တီးနားကလပ်ပေါင်း ၂၀၀ကျော်က ကစားသမားတွေ ပါဝင်နေပါတယ်။ ပွဲရက်ရွှေ့ဆိုင်း လိုက်ရတဲ့ ဘောလုံးပွဲနှစ်ပွဲမှာ ရိုဆာရီယိုနဲ့ ဂိုဒိုရီခရုဇ်၊ ဆမ်လိုရန်ဇိုနဲ့ ဘဲလ်ဂရာနိုအသင်းတို့ ယှဉ်ပြိုင်မယ့် ပွဲတွေပဲ ဖြစ်ပါတယ်။

ရုပ်သံထုတ်လွှင့်ခွင့်တွေနဲ့ ပတ်သက်ပြီး အာဂျင်တီးနား ဘောလုံးအဖွဲ့ချုပ်က ထိပ်တန်းအရာရှိတွေရဲ့ အကျင့်ပျက်ခြစားမှု သတင်း တွေထွက်ပေါ်ခဲ့ပြီး နောက်မှာ အခုလိုဆန္ဒပြမှုတွေ ဖြစ်ပေါ်ခဲ့တာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)