သမ္မတ ထရန့်ကြောင့် ဆိုပြီး ရုပ်သံ အစီအစဉ်တစ်ခု နဲ့ အာနိုးလ် လမ်းခွဲ

0
280

အမေရိကန်သမ္မတသစ် ဒေါ်နယ်ထရန့် ပါဝင်ပတ်သက်မှုကြောင့်လို့ အပြစ်တင်ပြောဆိုပြီး နာမည်ကျော် ဟောလိဝုဒ်မင်းသားကြီး ဖြစ်တဲ့ အာနိုးလ်ဟာ ရုပ်သံအစီအစဉ် တစ်ခုဖြစ်တဲ့ Celebrity Apprentice ကနေ ထွက်လိုက်ပါတယ်။

“ ထရန့်ပါဝင်ပတ်သက်နေတယ် ဆိုတာသိတာနဲ့ လူတွေက ချဉ်ကုန်တယ်” လို့ အာနိုးလ်က ပြောခဲ့တာပါ။ မစ္စတာထရန့်က ဒီအ စီအစဉ်ရဲ့ အမှုဆောင် ထုတ်လုပ်သူဆက်ဖြစ်နေပြီး အမြတ်တွေရနေတုန်းပဲဆိုတာကို သိချိန်မှာ ကြည်တဲ့သူ တစ်ဝက်လောက်က သပိတ်မှောက်ခဲ့ကြပါတယ်။ ပရိတ်သတ်တွေက အခုလိုပြောကြလိမ့်မယ်ဆိုပြီး အာနိုးလ်က ပြောပါတယ်။

“ ထရန့်နာမည်ကို မြင်လိုက်တာနဲ့ မကြည့်တော့ဘူး” ရုပ်သံစပွန်ဆာကော်ပိုရေးရှင်း ၁၂ ခုမှာ တစ်ဝက်က လာမယ့် ရာသီရုပ်သံအစီအစဉ်မှာ မပါဝင်တော့ဘူးလို့ အဆိုပါရုပ်သံအစီအစဉ် စပွန်ဆာပေးတဲ့သူတွေ ပြုလုပ်တဲ့ ကမ့်ပိန်းလှုပ်ရှားမှုတစ်ခုက ပြောပါတယ်။

လက်ရှိအချိန်အထိ လာမယ့်ရာသီမှာ မပါဝင်တော့ မယ့် စပွန်ဆာကော်ပိုရေးရှင်း ၆ ခုမှာ ၅ ခုက မပါဝင်တော့ဘူးဆိုတာ အတည်ပြုပြီး ဖြစ်ပါတယ်။ စပွန်ဆာကော်ပိုရေးရှင်တွေက သူတို့အနေနဲ့ ရုပ်သံအစီအစဉ်မှာ မပါဝင်တော့တာဟာ ဒေါ်နယ်လ်ထရန့်ကြောင့်လို့ မပြောခဲ့ကြပေမယ့်လည်း မစ္စတာထရန့် ဆက်ပြီးပါဝင်နေတုန်းပဲဆိုတာ သိလိုက်ရတဲ့အချိန်မှာ တုန်လှုပ်သွားကြကြောင်း ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် Celebrity Apprentice အစီအစဉ်က နောက်ရာသီဆက်ပြီး ထုတ်လွှင့်ဦးမလားဆိုတာလည်း မသေချာတော့ပါဘူး။ တကယ်လို့ ဆက်ပြီး ထုတ်လွှင့်ဖြစ်ခဲ့ မယ်ဆိုရင် ထုတ်လုပ်သူတွေအနေနဲ့ လက်ခံကျင်းပမယ့်သူအသစ် ထပ်မံရှာဖွေရမှာပဲ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)