မျိုးရိုးဗီဇ ထိခိုက်စေနိုင်တဲ့ ရောဂါကြောင့် အမွေးရှည် ဆင်ကြီးများ မျိုးတုံးခဲ့

0
261

ကမ္ဘာပေါ်မှာ နောက်ဆုံး ရှင်သန်နေထိုင်ခဲ့တဲ့ Mammoth ခေါ် အမွေးရှည် ဆင်ကြီးတွေဟာ မျိုးရိုးဗီဇကို ထိခိုက်စေနိုင်တဲ့ ရောဂါတစ်မျိုးကြောင့် မျိုးတုံး ပျောက်ကွယ်သွားကြတာ ဖြစ်တယ်လို့ ရှေးခေတ် တိရစ္ဆာန်တွေရဲ့ မျိုးရိုးဗီဇကို လေ့လာနေတဲ့ သိပ္ပံပညာရှင်တွေက ကောက်ချက်ချလိုက်ပါတယ်။

အမွေးရှည် ဆင်ရိုင်းကြီးတွေဟာ အဲဒီ မျိုးရိုးဗီဇဆိုင်ရာ ရောဂါကြောင့် အနံ့ခံအာရုံ ဆုံးရှုံးမှုအပြင် သူတို့ခန္ဓာကိုယ်ပေါ်က အမွေးအမျှင်တွေ ဆုံးရှုံးမှုတွေလည်း ဖြစ်ခဲ့ပါတယ်။ ပေါင်းဖော်စရာ မျိုးရိုးတူ အမွေးရှည် ဆင်ကြီးတွေ ရှားပါးလာတာကြောင့် မျိုးတုံး ပျောက်ကွယ်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီ မျိုးရိုးဗီဇဆိုင်ရာ လေ့လာရေးအဖွဲ့ရဲ့ ခေါင်းဆောင်ဖြစ်သူ ဒေါက်တာ ရေဘက်ကာရော်ဂျာရဲ့ အဆိုအရ Mammoth ခေါ် အမွေးရှည် ဆင်ကြီးတွေဟာ မျိုးရိုးဗီဇဆိုင်ရာ ချွတ်ယွင်းမှု ပြဿနာကြောင့် မျိုးတုံး ပျောက်ကွယ်သွားခဲ့တဲ့ ပထမဆုံး သတ္တ၀ါ အမျိုးအစားလည်း ဖြစ်တယ်လို့လည်း ဆိုပါတယ်။

လေ့လာသူတွေဟာ ပြီးခဲ့တဲ့နှစ်ပေါင်း ၄၀၀၀ ကျော်ကလောက်က ဆင်တစ်ကောင်ရဲ့ DNA နဲ့ ၄၅၀၀၀ လောက်က အမွေးရှည် ဆင်တစ်ကောင်ရဲ့ DNA တွေကို လေ့လာခဲ့တာ ဖြစ်ပါတယ်။

အဲဒီ အမွေးရှည် ဆင်ကြီးတွေဟာ ဆိုက်ဘေးရီးယားနဲ့ မြောက်အမေရိက တိုက်တွေမှာ လှည့်လည် ကျက်စားခဲ့ကြတဲ့ တိရစ္ဆာန်ကြီးတွေဖြစ်ပြီး လက်ရှိမှာ အဲဒီ အမွေးရှည် ဆင်ကြီးတွေရဲ့ မျိုးရိုးဗီဇကို ဖျက်ဆီးပစ်ခဲ့တဲ့ ပြဿနာရဲ့ ကွင်းဆက် တချို့ကတော့ ပျောက်ဆုံးနေဆဲ ဖြစ်တယ်လို့ ရှေးခေတ် တိရစ္ဆာန်တွေရဲ့ မျိုးရိုးဖွံ့ဖြိုးမှုဆိုင်ရာ ပညာရှင် လာ့ဗ် ဒေလန်က ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)