ပြင်သစ်နိုင်ငံ ပြတိုက်ကို အကြမ်းဖက်တိုက်ခိုက်ဖို့ ကြိုးစားခဲ့သူ တစ်ဦး ဖမ်းဆီးရမိ

0
376

ပြင်သစ်နိုင်ငံ ပဲရစ်မြို့မှာ ရှိတဲ့ (Louvre) လုဗ်ပြတိုက်ကို အကြမ်းဖက်တိုက်ခိုက်ဖို့ ကြိုးစားခဲ့သူ ခရီးသွားတစ်ဦးကို ဖေဖော်ဝါရီလ (၃)
ရက်နေ့က ဖမ်းဆီးရမိခဲ့ပါတယ်။

အဲဒီလိုဖြစ်ပွားခဲ့တာကြောင့် လုဗ်ပြတိုက်ကို သောကြာနေ့ နေ့လယ်က ပိတ်ထားခဲ့ပြီး ဘယ်ချိန်ပြန်ဖွင့်မယ် ဆိုတာကိုတော့ မသိသေးဘူးလို့ ပြတိုက်ရဲ့ ပြောရေးဆိုခွင့်ရှိသူကပြောခဲ့ပါတယ်။ အဲဒီလို အကြမ်းဖက်ဖို့ ကြိုးစားခဲ့သူ အီဂျစ်နိုင်ငံသားဟာ အသက် (၂၉) နှစ် အရွယ်ရှိပြီး ပြင်သစ်စစ်သားတစ်ယောက် ကို ဓားနဲ့ခုတ်ဖို့ ကြိုးစားခဲ့တဲ့အချိန်မှာပဲ ပစ်ခတ်ဖမ်းဆီးခဲ့ကြတာဖြစ်ပါတယ်။

အဲဒီ အီဂျစ်နိုင်ငံသားဟာ အလည်အပတ်ဗီဇာနဲ့ ၀င်ရောက်လာတာဖြစ်ပြီး ဒူဘိုင်းကနေ ပဲရစ်ကို လေယာဉ် ခရီးစဉ်နဲ့ ၀င်ရောက်ခဲ့တာလို့ အာဏာပိုင်တွေက ပြောပါတယ်။ နောက်ထပ်လည်း သူနဲ့အတူ တခြားပေါင်း အသင်းတွေ ပါမပါကို စုံစမ်းစစ်ဆေးနေကြပြီး ပေါက်ကွဲစေတဲ့ပစ္စည်း တစ်စုံတစ်ရာမတွေ့ရှိဘူး လို့လည်း အာဏာပိုင်တွေကို ပြောပါတယ်။

အခုလိုဖြစ်ရပ်ကြောင့် အဆောက်အဦအနီးအနားမှာရှိနေတဲ့ ခရီးသွား (၁၂၅၀) ကို လုံခြုံရေးအရ စစ်ဆေးဖို့ ထိန်းသိမ်းထားခဲ့ကြတာပဲ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)