ေျမာက္ကိုရီးယား ေခါင္းေဆာင္နဲ႔ လာမယ့္ႏွစ္ဦးပိုင္းမွာ ေတြ႔မယ္လို႔ အေမရိကန္ သမၼတ အတည္ျပဳ

0
145

အေမရိကန္သမၼတ ေဒၚနယ္လ္ ထရမ့္က သူနဲ႔ ေျမာက္ကိုရီးယားေခါင္းေဆာင္ ကင္ဂ်ဳံအြန္တို႔ လာမယ့္ႏွစ္ ဇန္နဝါရီ၊ ဒါမွမဟုတ္ ေဖေဖာ္ဝါရီလထဲမွာ ေတြ႔ဆုံဖို႔ စီစဥ္ထားတယ္လို႔ အတည္ျပဳ ေျပာၾကားပါတယ္။

ဒီေတြ႔ဆံုမႈဟာ ဒုတိယအႀကိမ္ေျမာက္ ထိပ္သီးေဆြးေႏြးပြဲ ျဖစ္လာမွာ ျဖစ္ပါတယ္။ အဲဒီ ထိပ္သီးေဆြးေႏြးပြဲ က်င္းပဖို႔ ေနရာ သံုးေနရာကို စဥ္းစားေနတယ္လို႔ သမၼတ ထရမ့္က ေျပာခဲ့ပါတယ္။ ေျမာက္ကိုရီးယား ေခါင္းေဆာင္ကိုလည္း အေမရိကန္ႏုိင္ငံဆီ ဖိတ္ေခၚဖုိ႔ ဆႏၵရွိတယ္လို႔ သမၼတ ထရမ့္က ေျပာပါတယ္။

ေျမာက္ကိုရီးယားမွာ န်ဴကလီးယား ဖ်က္သိမ္းေရးကို ဘယ္လို လုပ္ေဆာင္မလဲဆိုတဲ့အေပၚ ႏွစ္ႏိုင္ငံ သေဘာထား ကြဲလြဲမႈေတြ ရွိေနတာေၾကာင့္ ေနာက္ထပ္ ထိပ္သီးေဆြးေႏြးပြဲ က်င္းပဖို႔ အခ်ိန္နဲ႔ ေနရာကို ဆုံးျဖတ္ရာမွာ ေႏွာင့္ေႏွးမႈေတြ ျဖစ္ေနခဲ့ပါတယ္။ အဲဒီလို အေျခေနေတြေၾကာင့္  ဒီႏွစ္ကုန္မတိုင္မီ ဒုတိယ အႀကိမ္ေျမာက္ ထိပ္သီး ေဆြးေႏြးပြဲ က်င္းပဖို႔ စီစဥ္တာ ျဖစ္ပါတယ္။

<>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

 

မြောက်ကိုရီးယား ခေါင်းဆောင်နဲ့ လာမယ့်နှစ်ဦးပိုင်းမှာ တွေ့မယ်လို့ အမေရိကန် သမ္မတ အတည်ပြု
အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရမ့်က သူနဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်တို့ လာမယ့်နှစ် ဇန်နဝါရီ၊ ဒါမှမဟုတ် ဖေဖော်ဝါရီလထဲမှာ တွေ့ဆုံဖို့ စီစဉ်ထားတယ်လို့ အတည်ပြု ပြောကြားပါတယ်။
ဒီတွေ့ဆုံမှုဟာ ဒုတိယအကြိမ်မြောက် ထိပ်သီးဆွေးနွေးပွဲ ဖြစ်လာမှာ ဖြစ်ပါတယ်။ အဲဒီ ထိပ်သီးဆွေးနွေးပွဲ ကျင်းပဖို့ နေရာ သုံးနေရာကို စဉ်းစားနေတယ်လို့ သမ္မတ ထရမ့်က ပြောခဲ့ပါတယ်။ မြောက်ကိုရီးယား ခေါင်းဆောင်ကိုလည်း အမေရိကန်နိုင်ငံဆီ ဖိတ်ခေါ်ဖို့ ဆန္ဒရှိတယ်လို့ သမ္မတ ထရမ့်က ပြောပါတယ်။
မြောက်ကိုရီးယားမှာ နျူကလီးယား ဖျက်သိမ်းရေးကို ဘယ်လို လုပ်ဆောင်မလဲဆိုတဲ့အပေါ် နှစ်နိုင်ငံ သဘောထား ကွဲလွဲမှုတွေ ရှိနေတာကြောင့် နောက်ထပ် ထိပ်သီးဆွေးနွေးပွဲ ကျင်းပဖို့ အချိန်နဲ့ နေရာကို ဆုံးဖြတ်ရာမှာ နှောင့်နှေးမှုတွေ ဖြစ်နေခဲ့ပါတယ်။ အဲဒီလို အခြေနေတွေကြောင့် ဒီနှစ်ကုန်မတိုင်မီ ဒုတိယ အကြိမ်မြောက် ထိပ်သီး ဆွေးနွေးပွဲ ကျင်းပဖို့ စီစဉ်တာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)