
0
163




<>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ရွေးကောက်ပွဲမှာ နိုင်ငံခြား လေ့လာသူတွေ လက်ခံဖို့ မလိုကြောင်း ထိုင်းနိုင်ငံခြားရေး ဝန်ကြီး ပြော

လာမယ့်နှစ် ဖေဖော်ဝါရီလနဲ့ မေလအတွင်း ကျင်းပဖို့ရှိနေတဲ့ ထိုင်းရွေးကောက်ပွဲမှာ နိုင်ငံခြားလေ့လာ စောင့်ကြည့်သူတွေကို ခွင့်ပြုဖို့ မလိုဘူးလို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဒွန် ပရာမွတ်ဝီနိုင်က ပြောပါတယ်။

နိုင်ငံခြားသား လေ့လာစောင့်ကြည့်သူတွေကို ခွင့်ပြုတာဟာ ကျွန်တော်တို့မှာ ပြဿနာရှိတယ်ဆိုတဲ့ အဓိပ္ပာယ်ဖြစ်ကြောင်း၊ အကောင်းဆုံး လေ့လာသူတွေကတော့ ထိုင်းမဲဆန္ဒရှင် လူထုပဲဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးက အစိုးရအိမ်တော်မှာ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

နိုင်ငံခြားလေ့လာသူတွေကို ပိတ်ပင်တာဟာ အရှေ့တောင်အာရှနဲ့ ကမ္ဘာတဝန်းမှာ ပုံမှန် မဟုတ်တဲ့ ဖြစ်စဉ်ဖြစ်ကြောင်း သြစတြေးလျားနိုင်ငံ အခြေစိုက် ဂရစ်ဖစ်တက္ကသိုလ်က အရှေ့တောင်အာရှဆိုင်ရာ နိုင်ငံရေး လေ့လာသူ ကထိက လီ မော်ဂျင်ဘက်ဆာက ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)