အေမရိကန္က တ႐ုတ္ကုန္စည္ေတြ အခြန္တိုးေကာက္မယ့္အစီစဥ္ ဆုိင္းငံ့ထား

0
562

တ႐ုတ္ကေန တင္သြင္းတဲ့ ကုန္စည္ေတြအေပၚ အေကာက္ခြန္ တိုးျမႇင့္ေကာက္ခံမယ့္ အစီအစဥ္ကို အေမရိကန္က ဆိုင္းငံ့ထားမွာ ျဖစ္ပါတယ္။

အေမရိကန္အစိုးရဟာ ေဒၚလာဘီလီယံ ၂၀၀ တန္ဖိုးရွိ တ႐ုတ္သြင္းကုန္ေတြအေပၚ ဇန္နဝါရီလ ၁ရက္ေန႔ကေန အေကာက္ခြန္ ၁၀ ရာခိုင္ႏႈန္းကေန ၂၅ ရာခိုင္ႏႈန္းအထိ တိုးျမႇင့္ေကာက္ခံသြားဖို႔ စီစဥ္ထားခဲ့ပါတယ္။ အာဂ်င္တီးနားမွာ G 20 ထိပ္သီးေဆြးေႏြးပြဲအၿပီး ဒီဇင္ဘာ ၁ ရက္ေန႔က အေမရိကန္သမၼတ ေဒၚနယ္ထရမ့္နဲ႔ တ႐ုတ္သမၼတ ရွီက်င့္ဖ်င္တို႔ ေတြ႔ဆုံေဆြးေႏြးၿပီးတဲ့ေနာက္ အဲဒီ အခြန္တိုးျမႇင့္မယ့္ကိစၥ ဆိုင္းငံ့ေၾကာင္း ထုတ္ျပန္ေၾကညာလိုက္တာ ျဖစ္ပါတယ္။

တ႐ုတ္က အေမရိကန္ရဲ႕ စိုက္ပ်ိဳးေမြးျမဴေရး ထြက္ကုန္ေတြနဲ႔ စြမ္းအင္ေတြကို ပိုမိုဝယ္ယူၿပီး အေမရိကန္အေပၚ ကုန္သြယ္ေရး ပိုေငြျပမႈကို ေလၽွာ့ခ်သြားမယ္လို႔ သမၼတအိမ္ျဖဴေတာ္က ေျပာပါတယ္။ အသိဉာဏ္ပညာဆိုင္ရာ ပိုင္ဆိုင္မႈ ေစာင့္ေရွာက္ကာကြယ္ေရးနဲ႔ ဆိုင္ဘာ ရာဇဝတ္မႈ စတဲ့ကိစၥေတြနဲ႔ ပတ္သက္ၿပီးလည္း ႏွစ္ႏိုင္ငံ ေဆြးေႏြးညႇိႏွိုင္းမႈေတြကို ခ်က္ခ်င္း စတင္သြားမွာ ျဖစ္ပါတယ္။ ရက္ေပါင္း ၉၀ အတြင္း ႏွစ္ႏိုင္ငံအၾကား သေဘာတူညီခ်က္ မခ်မွတ္နိုင္ခဲ့ဘူးဆိုရင္ အေကာက္ခြန္ တိုးေကာက္သြားမယ္လို႔ အိမ္ျဖဴေတာ္က ဆက္လက္ေျပာၾကားပါတယ္။

 

<>>>>>>>>>>>>>>>>>>>>>>>>>>>

 

အမေရိကန်က တရုတ်ကုန်စည်တွေ အခွန်တိုးကောက်မယ့်အစီစဉ် ဆိုင်းငံ့ထား
တရုတ်ကနေ တင်သွင်းတဲ့ ကုန်စည်တွေအပေါ် အကောက်ခွန် တိုးမြှင့်ကောက်ခံမယ့် အစီအစဉ်ကို အမေရိကန်က ဆိုင်းငံ့ထားမှာ ဖြစ်ပါတယ်။
အမေရိကန်အစိုးရဟာ ဒေါ်လာဘီလီယံ ၂၀ဝ တန်ဖိုးရှိ တရုတ်သွင်းကုန်တွေအပေါ် ဇန်နဝါရီလ ၁ရက်နေ့ကနေ အကောက်ခွန် ၁၀ ရာခိုင်နှုန်းကနေ ၂၅ ရာခိုင်နှုန်းအထိ တိုးမြှင့်ကောက်ခံသွားဖို့ စီစဉ်ထားခဲ့ပါတယ်။ အာဂျင်တီးနားမှာ G 20 ထိပ်သီးဆွေးနွေးပွဲအပြီး ဒီဇင်ဘာ ၁ ရက်နေ့က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ တွေ့ဆုံဆွေးနွေးပြီးတဲ့နောက် အဲဒီ အခွန်တိုးမြှင့်မယ့်ကိစ္စ ဆိုင်းငံ့ကြောင်း ထုတ်ပြန်ကြေညာလိုက်တာ ဖြစ်ပါတယ်။
တရုတ်က အမေရိကန်ရဲ့ စိုက်ပျိုးမွေးမြူရေး ထွက်ကုန်တွေနဲ့ စွမ်းအင်တွေကို ပိုမိုဝယ်ယူပြီး အမေရိကန်အပေါ် ကုန်သွယ်ရေး ပိုငွေပြမှုကို လျှော့ချသွားမယ်လို့ သမ္မတအိမ်ဖြူတော်က ပြောပါတယ်။ အသိဉာဏ်ပညာဆိုင်ရာ ပိုင်ဆိုင်မှု စောင့်ရှောက်ကာကွယ်ရေးနဲ့ ဆိုင်ဘာ ရာဇဝတ်မှု စတဲ့ကိစ္စတွေနဲ့ ပတ်သက်ပြီးလည်း နှစ်နိုင်ငံ ဆွေးနွေးညှိနှိုင်းမှုတွေကို ချက်ချင်း စတင်သွားမှာ ဖြစ်ပါတယ်။ ရက်ပေါင်း ၉၀ အတွင်း နှစ်နိုင်ငံအကြား သဘောတူညီချက် မချမှတ်နိုင်ခဲ့ဘူးဆိုရင် အကောက်ခွန် တိုးကောက်သွားမယ်လို့ အိမ်ဖြူတော်က ဆက်လက်ပြောကြားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)