
0
826




 

<>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

 

အစ္စရေးဝန်ကြီးချုပ် နဲ့ ဇနီးဖြစ်သူ အကျင့်ပျက် လာဘ်စားမှုနဲ့ စွဲချက်တင်ခံရဖွယ် ရှိနေ
အစ္စရေးဝန်ကြီးချုပ် နေတန်ရာဟု နဲ့ ဇနီးဖြစ်သူတို့ဟာ ရဲတွေရဲ့ စုံစမ်းစစ်ဆေးတာ ခံနေရပြီး အကျင့် ပျက်လာဘ်စားမှုတွေနဲ့ စွဲချက်တင်ခံရဖွယ်ရှိနေပါတယ်။
ဝန်ကြီးချုပ် ဇနီးမောင်နှံဟာ ဘီဇက် ဆက်သွယ်ရေးကုမ္ပဏီထံကနေ လာဘ်ငွေတွေ ရယူခဲ့တယ်လို့ သံသယရှိခံနေရတာပါ။ နေတန်ရာဟု ကတော့ အမှုတွဲ ၄၀ဝ၀ လို လူသိများတဲ့ စွပ်စွဲချက်တွေကို ပယ်ချ ထားပါတယ်။ အစ္စရေးရှေ့နေချုပ်ဟာ နေတန်ရာဟုတို့ ဇနီးမောင်နှံကို စွဲချက်တင်၊ မတင်ကတော့ ဆုံး ဖြတ်ရဖွယ် ရှိနေပါတယ်။
အစ္စရေး ရဲတပ်ဖွဲ့ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကတည်းက ဝန်ကြီးချုပ် နေတန်ရာဟုတို့ ဇနီးမောင်နှံကို အကျင့်ပျက်လာဘ်စားမှု နှစ်ခုနဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးနေခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)