
0
1081




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဂျာနယ်လစ် ခါရှော့ဂီ ရုပ်အလောင်းကို ခုတ်ဖြတ်ပြီး အက်ဆစ်နဲ့ ပက်ကာ အစဖျောက်

ဆော်ဒီ ဂျာနယ်လစ် ဂျမယ် ခါရှော့ဂီရဲ့ ခန္ဓာကိုယ်ကို ခုတ်ဖြတ်ခဲ့ပြီးနောက် အက်ဆစ်နဲ့ လောင်းကာ အစဖျောက်ခဲ့ဖွယ် ရှိတယ်လို့ တူရကီ ထိပ်တန်းအရှာရှိတစ်ဦးက ပြောလိုက်ပါတယ်။

ဂျာနယ်လစ် ခါရှော့ဂီ အသတ်ခံရဖွယ်ရှိနေတဲ့ အောက်တိုဘာ ၂ ရက်နေ့ နောက်ပိုင်းတည်းက ခါရှော့ဂီ အသတ်ခံရမှုနဲ့ ပတ်သက်လို့ သဲလွန်စ မရခဲ့ဘူးလို့ တူရကီသမ္မတ အကြံပေး အရာရှိ ယာဆင် အက်တေးက ပြောပါတယ်။

ဆော်ဒီအာရေဗျ အစိုးရကို ဝေဖန်ရေးသားလေ့ရှိတဲ့ ဂျာနယ်လစ် ခါရှော့ဂီဟာ အောက်တိုဘာ ၂ ရက်နေ့က တူရကီနိုင်ငံရှိ ဆော်ဒီအာရေဗျ ကောင်စစ်ဝန်ရုံးကို ဝင်ရောက်ခဲ့ပြီးနောက် ပျောက်ဆုံးသွားတာ ဖြစ်ပါတယ်။ ဂျာနယ်လစ် ခါရှော့ဂီရဲ့ ဇနီးလောင်းက ခါရှော့ဂီ သေဆုံးမှုအတွက် အမှန်တရား ထုတ်ဖော်ပေးဖို့ ကမ္ဘာ့ခေါင်းဆောင်တွေကို တောင်းဆိုထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)