
0
588




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

၂၀၃၂ အိုလံပစ်ပြိုင်ပွဲကို တောင်နဲ့ မြောက်ကိုရီးယားတို့ အိမ်ရှင်အဖြစ် ကျင်းပလို

တောင်ကိုရီးယားနဲ့ မြောက်ကိုရီးယား နိုင်ငံတို့ဟာ ၂၀၃၂ ခုနှစ် နွေရာသီ အိုလံပစ်ပြိုင်ပွဲကို ပူးတွဲအိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရဖို့ နိုင်ငံတကာ အိုလံပစ်ကော်မတီထံ တောင်းဆိုလိုက်ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလက ကျင်းပခဲ့တဲ့ ထိပ်သီးအစည်းဝေးမှာ တောင်ကိုရီးယားနဲ့ မြောက်ကိုရီးယား ခေါင်းဆောင်တို့ဟာ ၂၀၃၂ ခုနှစ် အိုလံပစ်ပြိုင်ပွဲကို ပူးတွဲအိမ်ရှင်ပြုလုပ်ဖို့ သဘောတူညီခဲ့ပါတယ်။

တောင်ကိုရီးယားနဲ့ မြောက်ကိုရီးယားတို့ဟာ ဂျပန်နိုင်ငံမှာ ကျင်းပမယ့် ၂၀၂၀ ခုနှစ် အိုလံပစ်ပြိုင်ပွဲမှာ ကိုရီးယား အသင်းတစ်သင်း ဖွဲ့စည်းယှဉ်ပြိုင်ဖို့ သဘောတူညီခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)