ဆီးရီးယား အေရွ႕ပိုင္းၿမိဳ႕ကို IS လက္ထဲကေန ျပန္တိုက္ယူ

0
359

ဆီးရီးယား အေရွ႕ပိုင္းၿမိဳ႕ျဖစ္တဲ့ ေဒယာ အယ္လ္ ေဇာၿမိဳ႕ကို IS အၾကမ္းဖက္ အဖြဲ႔ဝင္ေတြ လက္ထဲကေန ဆီးရီးယား စစ္တပ္က ျပန္တိုက္ယူႏိုင္ၿပီလို႔ ဆီးရီးယား အစိုးရက ေၾကညာပါတယ္။

ယူဖေရးတီး ျမစ္ကမ္းမွာ တည္ရွိတဲ့ ေဒယာ အယ္လ္ ေဇာၿမိဳ႕ဟာ ေရနံထြက္ရွိၿပီး ဆီးရီးယား အေရွ႕ပိုင္းမွာ အႀကီးဆံုးနဲ႔ အေရးအပါဆံုး ၿမိဳ႕ျဖစ္ပါတယ္။ IS အၾကမ္းဖက္သမားေတြအဖို႔ ေျခကုပ္ရယူထားတဲ့ ေနရာ အႀကီးမားဆံုး ဆံုး႐ံႈးတာ ျဖစ္ပါတယ္။

႐ုရွား ဗံုးႀကဲယာဥ္၊ အီရန္နဲ႔ ရွီယိုက္ စစ္ေသြးၾကြ မဟာမိတ္တပ္ေတြနဲ႔ ဆီးရီးယား စစ္တပ္ ပူးေပါင္းအဖြဲ႔ဟာ IS အၾကမ္းဖက္ အဖြဲ႔လက္ထဲကေန ေဒယာ အယ္လ္ေဇာၿမိဳ႕ကို ရာႏႈန္းျပည့္ ျပန္လည္ သိမ္းယူႏိုင္ခဲ့တာ ျဖစ္ပါတယ္။

IS ေတြ သိမ္းပိုက္ထားတဲ့ ေနာက္ဆံုးၿမိဳ႕ ျဖစ္တဲ့ ယူဖေရးတီးျမစ္ အေနာက္ဘက္ ကမ္းက အဘူကမယ္ၿမိဳ႕ကို ပူးေပါင္းတပ္ဖြဲ႔ေတြက ဆက္လက္ တိုက္ခိုက္သြားမွာ ျဖစ္ပါတယ္။  

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဆီးရီးယား အရှေ့ပိုင်းမြို့ကို IS လက်ထဲကနေ ပြန်တိုက်ယူ

ဆီးရီးယား အရှေ့ပိုင်းမြို့ဖြစ်တဲ့ ဒေယာ အယ်လ် ဇောမြို့ကို IS အကြမ်းဖက် အဖွဲ့ဝင်တွေ လက်ထဲကနေ ဆီးရီးယား စစ်တပ်က ပြန်တိုက်ယူနိုင်ပြီလို့ ဆီးရီးယား အစိုးရက ကြေညာပါတယ်။

ယူဖရေးတီး မြစ်ကမ်းမှာ တည်ရှိတဲ့ ဒေယာ အယ်လ် ဇောမြို့ဟာ ရေနံထွက်ရှိပြီး ဆီးရီးယား အရှေ့ပိုင်းမှာ အကြီးဆုံးနဲ့ အရေးအပါဆုံး မြို့ဖြစ်ပါတယ်။ IS အကြမ်းဖက်သမားတွေအဖို့ ခြေကုပ်ရယူထားတဲ့ နေရာ အကြီးမားဆုံး ဆုံးရှုံးတာ ဖြစ်ပါတယ်။

ရုရှား ဗုံးကြဲယာဉ်၊ အီရန်နဲ့ ရှီယိုက် စစ်သွေးကြွ မဟာမိတ်တပ်တွေနဲ့ ဆီးရီးယား စစ်တပ် ပူးပေါင်းအဖွဲ့ဟာ IS အကြမ်းဖက် အဖွဲ့လက်ထဲကနေ ဒေယာ အယ်လ်ဇောမြို့ကို ရာနှုန်းပြည့် ပြန်လည် သိမ်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

IS တွေ သိမ်းပိုက်ထားတဲ့ နောက်ဆုံးမြို့ ဖြစ်တဲ့ ယူဖရေးတီးမြစ် အနောက်ဘက် ကမ်းက အဘူကမယ်မြို့ကို ပူးပေါင်းတပ်ဖွဲ့တွေက ဆက်လက် တိုက်ခိုက်သွားမှာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)