ေမာင္ေတာမွာ ဘဂၤါလီေတြ တိုက္ခိုက္လို႔ ရခိုင္ တစ္ဦး ဒဏ္ရာရ

0
378

 

ရခိုင္ျပည္နယ္၊ ေမာင္ေတာၿမိဳ႕နယ္မွာ ငါးရွာထြက္တဲ့ ရခိုင္အမ်ိဳးသားတစ္ဦးကို ဘဂၤါလီ ေလးဦးက ဝိုင္းဝန္း ႐ိုက္ႏွက္ ထိုးခုတ္လို႔ ဒဏ္ရာေတြ ရရွိခဲ့ပါတယ္။

ဒီေန႔ ႏိုဝင္ဘာလ ၃ ရက္ေန႔မွာ သေရကုန္းေဘာင္ ေက်းရြာေန လွသန္းေမာင္နဲ႔ တစ္ဦးက တစ္ဖြဲ႔၊ က်န္ ငါးဦးက တစ္ဖြဲ႔ ခြဲၿပီး လူမေနတဲ့ ပခ်ီးယားတန္း ဘဂၤါလီ ေက်းရြာ၊ ပုဇြန္ကန္အနီးေတာစပ္မွာ ငါးရွာစဥ္ ဘဂၤါလီ ေလးဦးက လွသန္းေမာင္ကို ဓား၊ ရဲဒင္း၊ သံတုတ္ေတြနဲ႔ ဝိုင္းဝန္း ႐ိုက္ႏွက္ထိုးခုတ္ခဲ့ပါတယ္။

လွသန္းေမာင္ဟာ ေက်ာကုန္း၊ ဝဲနံ၊ ေျခသလံုး၊ ေပါင္ႏွစ္ဘက္၊ ဝဲဘက္ လက္ဖ်ံတို႔မွာ ဒဏ္ရာေတြ ရရွိခဲ့ပါတယ္။ ျဖစ္စဥ္နဲ႔ ပတ္သက္လို႔ မက်ီးေခ်ာင္း နယ္ေျမရဲစခန္းက အမႈဖြင့္ စစ္ေဆးေနပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မောင်တောမှာ ဘင်္ဂါလီတွေ တိုက်ခိုက်လို့ ရခိုင် တစ်ဦး ဒဏ်ရာရ

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မှာ ငါးရှာထွက်တဲ့ ရခိုင်အမျိုးသားတစ်ဦးကို ဘင်္ဂါလီ လေးဦးက ဝိုင်းဝန်း ရိုက်နှက် ထိုးခုတ်လို့ ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။

ဒီနေ့ နိုဝင်ဘာလ ၃ ရက်နေ့မှာ သရေကုန်းဘောင် ကျေးရွာနေ လှသန်းမောင်နဲ့ တစ်ဦးက တစ်ဖွဲ့၊ ကျန် ငါးဦးက တစ်ဖွဲ့ ခွဲပြီး လူမနေတဲ့ ပချီးယားတန်း ဘင်္ဂါလီ ကျေးရွာ၊ ပုဇွန်ကန်အနီးတောစပ်မှာ ငါးရှာစဉ် ဘင်္ဂါလီ လေးဦးက လှသန်းမောင်ကို ဓား၊ ရဲဒင်း၊ သံတုတ်တွေနဲ့ ဝိုင်းဝန်း ရိုက်နှက်ထိုးခုတ်ခဲ့ပါတယ်။

လှသန်းမောင်ဟာ ကျောကုန်း၊ ဝဲနံ၊ ခြေသလုံး၊ ပေါင်နှစ်ဘက်၊ ဝဲဘက် လက်ဖျံတို့မှာ ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။ ဖြစ်စဉ်နဲ့ ပတ်သက်လို့ မကျီးချောင်း နယ်မြေရဲစခန်းက အမှုဖွင့် စစ်ဆေးနေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)