ၾသစေၾတးလ်မွာ အၾကမ္းဖက္ဖို႔ ႀကံစည္မႈ လူငါးဦးကို ေထာင္ခ်

0
367

ၾသစေၾတးလ်ႏိုင္ငံ၊ ဆစ္ဒနီၿမိဳ႕မွာ အၾကမ္းဖက္တိုက္ခိုက္ဖို႔ ႀကံစည္မႈနဲ႔ အမ်ိဳးသား ေလးဦးနဲ႔ ဆယ္ေက်ာ္သက္ တစ္ဦးတို႔ကို ေထာင္ဒဏ္ ခ်မွတ္လိုက္ပါတယ္။

အၾကမ္းဖက္ တိုက္ခိုက္ဖို႔ ႀကံစည္မႈကို နယူးေဆာက္သ္ေဝးလ္ ရဲေတြက ၂၀၁၄ မွာ ႀကိဳတင္တားဆီး ေဖာ္ထုတ္ႏိုင္ခဲ့တာ ျဖစ္ပါတယ္။ ဆစ္ဒနီရွိ ၾသစေၾတးလ် ဖက္ဒရယ္ ရဲတပ္ဖြဲ႔နဲ႔ လစ္သ္ဂိုးရွိ အက်ဥ္းေထာင္တို႔ကို တိုက္ခိုက္ဖို႔ ပစ္မွတ္ထားခဲ့တာ ျဖစ္တယ္လို႔ တရား႐ံုးမွာ ထြက္ဆိုပါတယ္။ သူတို႔ဟာ လကနက္နဲ႔ ေဖာက္ခြဲေရး ပစၥည္းေတြ စုေဆာင္းခဲ့ပါတယ္။

အၾကမ္းဖက္ တိုက္ခိုက္ဖို႔ ႀကံစည္မႈကို ေခါင္းေဆာင္သူ ဆူေလမန္ ခါလစ္ (၂၂ ႏွစ္) ကို အျမင့္ဆံုး ေထာင္ဒဏ္ ၂၂ ႏွစ္ ၆ လ ခ်မွတ္ပါတယ္။ တျခား ေထာင္ဒဏ္ခ်မွတ္ခံရသူေတြကေတာ့ ဂ်ီဘရယ္ အယ္လ္မာအို (၂၄ ႏွစ္)၊ မိုဟာမက္ အယ္လ္မာအို (၂၂ ႏွစ္)၊ ဖာဟတ္ ဆာအစ္ (၂၅ ႏွစ္) နဲ႔ အသက္ ၁၇ အရြယ္ရွိ အမည္မေဖာ္ျပသူ တစ္ဦးတို႔ ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

သြစတြေးလျမှာ အကြမ်းဖက်ဖို့ ကြံစည်မှု လူငါးဦးကို ထောင်ချ

သြစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့မှာ အကြမ်းဖက်တိုက်ခိုက်ဖို့ ကြံစည်မှုနဲ့ အမျိုးသား လေးဦးနဲ့ ဆယ်ကျော်သက် တစ်ဦးတို့ကို ထောင်ဒဏ် ချမှတ်လိုက်ပါတယ်။

အကြမ်းဖက် တိုက်ခိုက်ဖို့ ကြံစည်မှုကို နယူးဆောက်သ်ဝေးလ် ရဲတွေက ၂၀၁၄ မှာ ကြိုတင်တားဆီး ဖော်ထုတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဆစ်ဒနီရှိ သြစတြေးလျ ဖက်ဒရယ် ရဲတပ်ဖွဲ့နဲ့ လစ်သ်ဂိုးရှိ အကျဉ်းထောင်တို့ကို တိုက်ခိုက်ဖို့ ပစ်မှတ်ထားခဲ့တာ ဖြစ်တယ်လို့ တရားရုံးမှာ ထွက်ဆိုပါတယ်။ သူတို့ဟာ လကနက်နဲ့ ဖောက်ခွဲရေး ပစ္စည်းတွေ စုဆောင်းခဲ့ပါတယ်။

အကြမ်းဖက် တိုက်ခိုက်ဖို့ ကြံစည်မှုကို ခေါင်းဆောင်သူ ဆူလေမန် ခါလစ် (၂၂ နှစ်) ကို အမြင့်ဆုံး ထောင်ဒဏ် ၂၂ နှစ် ၆ လ ချမှတ်ပါတယ်။ တခြား ထောင်ဒဏ်ချမှတ်ခံရသူတွေကတော့ ဂျီဘရယ် အယ်လ်မာအို (၂၄ နှစ်)၊ မိုဟာမက် အယ်လ်မာအို (၂၂ နှစ်)၊ ဖာဟတ် ဆာအစ် (၂၅ နှစ်) နဲ့ အသက် ၁၇ အရွယ်ရှိ အမည်မဖော်ပြသူ တစ်ဦးတို့ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)