
0
389




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

သမ္မတ ထရမ့် တွစ်တာအကောင့် ယာယီ ပိတ်သွားခဲ့

အမေရိကန် သမ္မတ ဒေါ်နယ် ထရမ့် သုံးနေတဲ့ လူမှုကွန်ရက် တွစ်တာ အကောင့်ဟာ မနေ့က နိုဝင်ဘာ ၂ ရက်နေ့မှာ ခေတ္တ ပိတ်သွားခဲ့ပေမယ့် ပြန်ပွင့်အောင် လုပ်ပေးခဲ့တယ်လို့ တွစ်တာက ကြေညာပါတယ်။

သမ္မတ ထရမ့်ရဲ့ အကောင့် @realdonaldtrump ကို တွစ်တာ ဝန်ထမ်းတစ်ဦးက deactivated လုပ်ပြီး ယာယီပိတ်လိုက်တာဖြစ်ကြောင်း တွေ့ရှိရတယ်လို့ တွစ်တာက ဆိုပါတယ်။ သမ္မတ ထရမ့်ရဲ့ အကောင့်ဟာ ၁၁ မိနစ်ကြာ ပိတ်သွားခဲ့တာ ဖြစ်ပြီး ဖြစ်စဉ်ကို တွစ်တာက စုံစမ်းစစ်ဆေးမှုတွေ လုပ်နေပါတယ်။

သမ္မတ ထရမ့်ဟာ တွစ်တာကို စွဲစွဲလမ်းလမ်း အသုံးပြုသူဖြစ်ပြီး follower ၄၁.၇ သန်းရှိပါတယ်။ သူ့အကောင့် ယာယီ ပိတ်သွားတာနဲ့ ပတ်သက်လို့ သမ္မတ ထရမ့်ကတော့ ဘာမှ မှတ်ချက်ပေးခြင်း မရှိပါဘူး။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)